အကျင့်တွေကို ပြောင်းလဲချင်ရင် အဆင့်နှစ်ခုကို လုပ်ရပါမယ်။ ပထမအဆင့်က အကျိုးမဖြစ်စေတဲ့ ဒါမှမဟုတ် အနာဂတ်မှာ ဆိုးကျိုး သက်ရောက်စေမယ့် အကျင့်တွေကို စာရင်းလုပ်ပါ။ ရင်းနှီးတဲ့ အပေါင်း အသင်းတွေကိုလည်း မိမိရဲ့အကျင့်ဆိုးတွေကို ထောက်ပြပေးဖို့ အကူအညီ တောင်းပါ။ တကယ်လို့ အကျင့်ဆိုးတွေကို ရှာတွေ့ဖို့ အခက်အခဲဖြစ်နေရင် အောက်က စာရင်းကို ကြည့်ပြီး မိမိမှာ အဲဒီလို အကျင့်ဆိုးမျိုးရှိသလားလို့ ဆန်းစစ်ကြည့်ပါ။
*အလုပ်စလုပ်ဖို့ အချိန်ဆွဲနေခြင်း
*ဘီလ်တွေကို သတ်မှတ်ရက် နီးကပ်မှ ပေးဆောင်ခြင်း
*ကတိပေးထားသလို စာရွက်စာတမ်းနဲ့ ဝန်ဆောင်မှုကို အချိန်မီ မပေးခြင်း
*ကြွေးကျန်များကို အချိန်မီ မဆပ်ခြင်း
*အစည်းအဝေးနဲ့ ချိန်းဆိုထားတဲ့ ကိစ္စတွေမှာ အချိန်နောက်ကျပြီးမှ ရောက်သွားခြင်း
*မိတ်ဆက်လာသူရဲ့ နာမည်ကို မှတ်မထားခြင်း
*တစ်ဖက်သားရဲ့ စကားမဆုံးခင်မှာ
*ကြားဝင်ဖြတ်ပြောခြင်း
*မိသားစုနဲ့ ညစာစားနေစဉ်မှာ ဖုန်းပြောနေခြင်း
*စာတစ်စောင်ကို မလိုအပ်ဘဲ အကြိမ်ကြိမ်ဖတ်နေခြင်း
*ညမိုးချုပ်ထိ တီဗွီထိုင်ကြည့်နေခြင်း
*မိသားစုနဲ့အတူ နေရမယ့်အစား အရေးမကြီးဘဲ အချိန်ပို အလုပ်ဆင်းခြင်း
*ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို တစ်ပတ်မှာ ၂ ရက်ထက် ပိုစားခြင်း
ဗန်းမော်သိန်းဖေ ဘာသာပြန်ဆိုတဲ့ အိပ်မက်လှလှ အောင်မြင်သောဘဝ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။