Books /သိုးဆောင်း
အပေအတေတစ်ယောက်ရဲ့ကျောင်းဆင်းချိန် (သိုးဆောင်း) Burmese Book
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
ကိုးတောင်ကျားဖြစ်နေပါစေ
မင်းလည်ဆံတစ်မွှေးမြင်ရင်
အလိုလို ဦးကျိုးပီးသားပါ ခြသေ့်မလေးရေ
"ည " က အမည်း " လ " က အဖြူ
" လ " ထဲ စုတ်တံထည့်ပြီး
" ည " ပေါ်မှာ ရေးခြစ်ရင်
ကြယ်တစ်လုံးတော့
ပွင့်နိုင်ကောင်းပါရဲ့
ကချေသည်......
သြော်...ကောင်မလေးရယ်...
မင်းကိုပြောမယ့် စကားတစ်ခွန်းအတွက်နဲ့
ကိုယ့်ရဲ့ အသက်ရှင်ရပ်တည်မှုတောင်
ဝေဝါးသွားခဲ့ပါပြီ။
ကိုယ်အများကြီး ပေးဆပ်ထားတယ်နော်၊
ရလဒ်က သုညတော့မဖြစ်တန်ကောင်းပါဘူး။
24 နာရီ
တချို့လူတွေက ဒီအချိန်အတွင်းမှာ
ကမ္ဘာကျော်တဲ့အလုပ်တွေ လုပ်ပြနိုင်ခဲ့တယ်။
တချို့အတွက် အတိုးအရင်းမရှိ
ဒီအချိန်ကို မိမိကိုယ်ကို ထုတ်ချေးတယ်။
ဘယ်တော့မှလည်း ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။
ပြက္ခဒိန်တစ်ရွက်က ဖုတ်ခနဲ ကြွေသွားတယ်၊
ပြီးတော့ နောက်တစ်နေ့ရဲ့ ဝေလီဝေလင်း အချိန်ပေါ်
တည့်တည့်ကြီး ကျသွားတယ်၊
ဘာပဲပြောပြော နောက်တစ်နေ့ကတော့
လန့်ဖျပ်ပြီး အိပ်ရာနိုးသွားမှာပေါ့... ။
ကိုယ်ချစ်တဲ့သူကို ပြန်ချစ်လာအောင်လုပ်နည်း ၊ အချစ်သီအိုရီတွေ ပါဝင်တဲ့ romantic ဆန်ဆန် အချစ်ဇာတ်လမ်းလေးမို့ စာဖတ်သူတွေ အနေနဲ့
လက်မလွှတ်သင့်တဲ့ စာအုပ်လေးပါ.............
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page