Books /ကြည်ရွှန်း
သောကကို စီမံခန့်ခွဲခြင်း - ကြည်ရွှန်း (Burmese Book)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
လက်တွေ့ဘဝကို ရင်ဆိုင်ကြည့်လိုက်ရင် ဒီလောကကြီးမှာ ဘယ်နေရာကို ကြည့်ကြည့် စိတ်သောက ကင်းနိုင်တဲ့ နေရာ ဆိုတာ မတွေ့ရသလိုပါပဲ။ အလုပ်ရယ်၊ မိသားစုရယ်၊ ဘဝမှာ ရုန်းကန် လှုပ်ရှားနေရတာတွေရယ် ကနေ ပြည်တွင်းပြည်ပ ပြဿနာတွေအထိ စိတ်သောက ဖြစ်စရာတွေနဲ့ ပြည့်နှက်နေတော့တာပါပဲ။ ဒါတွေကပဲ မိမိတို့ စိတ်ကျန်းမာရေးကို ဝန်ထုပ် ဝန်ပိုးတွေ ဖြစ်နေစေပါရဲ့။ ခန္ဓာကိုယ် ကျန်းမာရေးကို လေ့ကျင့်ခန်း မှန်မှန် လုပ်ပြီး စနစ်တကျ စားသောက်နေထိုင်ရင်း ထိန်းသိမ်းနိုင်သလို စိတ် ကျန်းမာရေးကိုလဲ ပုံမှန် အလေ့အကျင့်တွေ၊ ကျင့်စဉ်တွေနဲ့ ထိန်းသိမ်းနိုင် ပါတယ်။ စိတ် ဆိုတာဟာ တွေးသမျှ ကြံသမျှ၊ ပြောသမျှ ဆိုသမျှ၊ လုပ်သမျှ ကိုင်သမျှတွေ အားလုံးရဲ့ ရင်းမြစ်ပါ။ စိတ်ကို ကျန်းမာအောင် ကိုယ့်ကိုယ် ကိုယ် ဂရုစိုက်နိုင်ရင် စိတ်ဓာတ် ကြံ့ခိုင်လာပါမယ်၊ ခံနိုင်စွမ်းရည် မြင့်လာ ပါမယ်။ ဒါဆိုရင် အခက်အခဲတွေ ကြုံလာတဲ့အခါ ကျော်လွှားနိုင်မှာမို့ ဘဝရဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရရှိလာပါလိမ့်မယ်။ အာရုံကြော ဆိုင်ရာ သိပ္ပံပညာရှင် (neuroscientist) Dr. Caroline Leaf ဖော်ထုတ် တင်ပြထားတဲ့ ယခုစာအုပ်ပါ သိပ္ပံနည်းကျ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း ၁ဝ၁ ခုကို ကျင့်သုံးရာက သောကဝေဒနာ လျော့ပါး သက်သာပြီး စိတ်၊ ခံစား မှုနဲ့ စိတ်ကျန်းမာရေး ခွန်အားတွေ တိုးပွားလာအောင် လက်တွေ့ အကောင် အထည် ဖော်ကြည့်လိုက်ပါ။
Page - 145
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page