Books /ခွန်းညိုသွေး
သည်တွင် ရွှေမြို့ သည်သို့ စေတီ - ခွန်းညိုသွေး (Burmese Book)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
ဆရာခွန်းညိုသွေးရဲ့ လုံးချင်းဝတ္ထုအသစ်ဖြစ်ပြီး ဝတ္ထုခေါင်းစဉ်ကတော့ စာဆို လက်ဝဲသုန္ဒရ ရဲ့ မဲဇာတောင်ခြေရတုက “သည်တွင်ရွှေမြို့ သည်သို့စေတီ” စာသားကို သုံးစွဲထားပါတယ်။ ဒီဝတ္ထုလေးကတော့ မွေးရပ်ဇာတိရွာလေးဆီပြန်ပြီး အလှုလုပ်ချင်နေတဲ့ ပင်စင်စားအဘိုးကြီးတစ်ယောက်ရဲ့ ဇာတိရွာအလွမ်းကို အခြေခံ ရေးဖွဲ့ထားပါတယ်။ ဒါ့အပြင် ပင်စင်စားအဘိုးကြီးတစ်ယောက်ရဲ့ ပုပ္ပားတောင်ခြေက ရွာလေးတစ်ရွာကို လွမ်းတဲ့ ရွာလွမ်းချင်း၊ အသက်အရွယ်ကြီးလာတဲ့အခါမှာ ကြုံတွေ့ရတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ရှောင်ဖယ် နေရာမပေးမှု၊ သားသမီးတို့ရဲ့ အပြစ်တင် ငြိုငြင်မှု၊ ရပ်တည်ရခက်ခဲတဲ့ ရန်ကုန်မြို့ရဲ့ စားဝတ်နေရေးနဲ့ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှု။ အဲဒါတွေကို အခြေတည်ပြီး အရှိန်ယူထားတဲ့ ဇာတ်လမ်းကို ဆရာခွန်းရဲ့အရေးအသားအတိုင်း ခံစားချက်အနိမ့်အမြင့် ဇာတ်အရှိန် အတက်အကျတွေနဲ့ စိတ်ဝင်စားဖို့ကောင်းစွာ လိုက်ပါစီးမြောရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ပူလောင်မွန်းကျပ်မှုနဲ့ အခက်အခဲကို ရည်ညွှန်းလိုသောအားဖြင့် အဝါရောင်နဲ့ခိုငှက်ကို ကိုယ်စားပြုပြီး မျက်နှာဖုံး ဖန်တီးထားတယ်လို့ ခံစားမိပါတယ်။ ပုပ္ပါးတောင်မကြီးကို လှမ်းမြင်နေရတဲ့ သူ့ဇာတိရွာလေးမှာ အလှူပြန်လုပ်ချင်နေတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒအတိုင်း ရွာဦးကျောင်းလေးဆီ ရောက်နိုင်မလား၊ မြူဆိုင်းမှိုင်းညို့နေတဲ့ ပုပ္ပါးတောင်ကြီးကို တဖန် ပြန်ငေးမောနိုင်မလားဆိုတာကို နင့်နင့်သည်းသည်း ဖတ်ရှုရမယ့် လုံးချင်းဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
Page - 192
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page