ဤစာအုပ်တွင် ဖော်ပြထားသော ဆောင်းပါးများမှာ Job
Opportunity Journal ၏ အလုပ်အကိုရေးရာ အမေးအဖြေကဏ္ဍတွင်
စာရေးသူအနေဖြင့် အပတ်စဉ်ဖြေဆိုပေးခဲ့သော အမေးအဖြေများကို စုစည်း၍
ထုတ်ဝေထားခြင်း ဖြစ်ပါသည်။ ယနေ့ စာရေးသူတို့၏ နိုင်ငံသည် ထွန်းသစ်စ
ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာသည် နှင့်အညီ စီပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ အမြောက်အများဝင်ရောက်လာလျက်ရှိရာ HR
(Human Resource) ရေးရာ ဆောင်ရွက်မှုများကို ဤစာအုပ်အနေဖြင့်
တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ထုတ်ဝေခြင်း
ဖြစ်ပါသည်။