• 08910f8082739bcfd4b0b71ccfea5ba3
  • f34eefd26fe1344ee18fb707461d0f03
  • 68407229be00d1dfbc4f97978bfbbdf3
  • fa5f5886eb9312dc31b5206609b43817
  • e2bbe0224393b6c8b19dd52dcfbdf253
  • 5ee4862b619f4af27db6beb9665f36a3
1

လက်တွေ့အသုံးချ ကားအဲကွန်းနှင့် ဝါယာရိန်း နည်းပညာများ (လင်းဇာနည်) Burmese Book

Regular price
RM 65.00
Sale price
RM 65.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဒီစာအုပ်လေးကတော့ စာမျက်နှာ (၂၃၀) ကျော်ပါဝင်ပြီး စာမျက်နှာတိုင်းကို ရောင်စုံကာလာ (4C) ဖြင့်ရိုက်နှိပ် ပုံနှိပ်ထားတာဖြစ်ပါတယ်။ (ရောင်စုံစာမျက်နှာတွေဖြစ်တာမို့ Wiring Diagram တွေနဲ့ Sensors ပုံတွေကို ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားလေ့လာနိုင်မှာဖြစ်ပါတယ် ၊ Prime Auto Technology ကနေထုတ်ဝေထားတဲ့ စာအုပ်တွေ အားပေး ထားဖူးသူတွေဆိုရင်တော့ စာအုပ်အရည်အသွေးနဲ့ နည်းပညာပိုင်းတွေကို သိရှိထားပြီးဖြစ်မှာပါ

ဒီစာအုပ်ထဲမှာ အခန်း (၁၀) ခန်းပါဝင်မှာဖြစ်ပြီး အခုခေတ်နောက်ဆုံးပေါ် (HVAC System and Climate Control ) ကားအဲကွန်းနှင့် အဲကွန်းဆိုင်ရာဝါယာရိန်းပိုင်းတွေကို အဲကွန်းစနစ်နဲ့ သက်ဆိုင်တဲ့ အခြေခံသီအိုရီများ ၊ အဲကွန်းစနစ်နှင့် သက်ဆိုင်တဲ့ ပစ္စည်းအစိတ်အပိုင်းများ ၊ အဲကွန်းစနစ်လည်ပတ် အလုပ်လုပ်ပုံများ ၊ အဲကွန်း Pressure Gauge အသုံးပြုပုံနှင့် တိုင်းတာနည်းများ ၊ အဲကွန်းလည်ပတ်မှု ထိန်းချုပ်စနစ်များ ၊ A/C Compressor ထိန်းချုပ်စနစ်များ (Sensor Types နဲ့ Magnet Type အလုပ်လုပ်ပုံ ကွာခြားမှုတွေ) ၊ A/C Temperature ထိန်းချုပ်စနစ်များ ၊ လေဝင်လေထွက်ထိန်းချုပ်စနစ်များ စတဲ့ အဲကွန်းစနစ်နဲ့ သက်ဆိုင်တဲ့ စနစ် တခုခြင်းဆီကို အသေးစိတ်ရေးသားဖော်ပြထားတဲ့အပြင် ၊ အဲကွန်းစနစ်နဲ့ သက်ဆိုင်တဲ့ Sensors များ ၊ Pressure Switches များ အလုပ်လုပ်ပုံ ၊ Blower Fan Motor အလုပ်လုပ်ပုံ ၊ တိုင်းတာစစ်ဆေးပုံတွေကိုလည်း ထည့်သွင်းဖော်ပြပေးထားပါတယ်။

နောက်ထပ် အဲကွန်းစနစ်နဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်မှာ တကယ်အသုံးဝင်တဲ့ Scan Tools နဲ့ A/C Live Data ကြည့်ရှုပုံတွေ ၊ A/C DTC ဖြေရှင်းပုံတွေကို တဆင့်ခြင်း အသေးစိတ်ဖော်ပြပေးထားပါတယ်။ A/C Wiring ပိုင်းတွေမှာလည်း Manual Control စနစ်တွေ ၊ Automatic Control စနစ်တွေအကြောင်းကို Wiring Diagram တွေနဲ့ ရှင်းလင်းဖော်ပြ ပေးထားပါတယ်။
အသေးစိတ် မာတိကာတွေကိုတော့ ပိုစ့်မှာပုံနှင့်တကွ ဖော်ပြပေးထားပါတယ်။
ဒီစာအုပ်ကလေးက ဘယ်သူတွေအတွက် သင့်တော်မလဲဆိုရင်တော့(1) ကားအဲကွန်းနဲ့ အဲကွန်းဝါယာရိန်းစနစ်ကို စတင်လေ့လာလိုသူတွေ(2) ကားအဲကွန်းပိုင်း စနစ်တွေပဲ ပြုပြင်တတ်ပြီး ကားအဲကွန်း ဝါယာရိန်းပိုင်းတွေကို နားမလည်သေးတဲ့သူ တွေ(3) ကားဝါယာရိန်းပိုင်းကို အထိုက်အလျောက်နားလည်ပေမယ့် ကားအဲကွန်းစနစ်အလုပ်လုပ်ပုံတွေကို မသိလို့ ကားအဲကွန်းဝါယာရိန်းပိုင်းကို မပြုပြင်နိုင်တဲ့သူတွေ(4) ကားအဲကွန်းနဲ့ အဲကွန်းဝါယာရိန်းပိုင်းကို လုပ်ကိုင်နေပေမယ့် အခြေခံကျကျနန ဂဃနဏ မသိသေးသူတွေ(5) ကားအဲကွန်းနဲ့ အဲကွန်းဝါယာရိန်းပိုင်းကို အထိုက်အလျောက်သိထားပေမယ့် နောက်ဆုံးပေါ် HVAC နဲ့ Climate Control System အလုပ်လုပ်ပုံတွေ ၊ Sensors ပိုင်းတွေကို မသိသေးတဲ့သူတွေအတွက် ပညာဝမ်းစာဖြည့်တင်း နိုင်မယ့် စာအုပ်တအုပ်ဖြစ်မှာဖြစ်ပါတယ်။စာရေးသူ- LYNN ZA NEE

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။