• IMG20240113132251
  • IMG20240113132301
  • IMG20240113132332
1

Books /မြသန်းတင့်

ရွှေပြည်တော်မျှော်တိုင်းဝေး(ပထမတွဲ)(မြသန်းတင့်)Burmese Book

Regular price
RM 40.00
Sale price
RM 40.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ အချစ်ဝတ္ထုလည်း ဖြစ်သော၊

စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်း ဝတ္ထုလည်း ဖြစ်သော၊

ဆန်းဆန်းပြားပြား လျှို့ဝှက်သည်းဖို ဝတ္ထုလည်း ဖြစ်သော၊

တိုက်ပွဲခန်းများနှင့် စစ်ဝတ္ထုလည်း ဖြစ်သော

ရွှေပြည်တော်မျှော်တိုင်းဝေး ဝတ္ထုကြီးသည် 

သမိုင်း နောက်ခံ ဝတ္ထုကြီး တပုဒ်လည်း ဖြစ်သည်။

အိန္ဒိယပြည်ကို နောက်ခံထား၍ ရေးသားထားသော

ဤဝတ္ထုတွင် ဇာတ်ဆောင်များမှာ

အဂ်လိပ် စစ်ဗိုလ်ကလေး အက်ရှ်နှင့်

အိန္ဒိယ မဟာရာဇာ တဦး၏ ကပြားသွေးစပ်သော

သမီးတော် တဦး ဖြစ်သည့် ဇူလီတို့ ဖြစ်သည်။

အက်ရှ်သည် အိန္ဒိယပြည် ဟိမဝန္တာ တောင်စောင်း တနေရာ

တောကြီးမျက်မည်းထဲတွင် မွေးဖွားသူ ဖြစ်ပြီး

သူ မွေးပြီး မကြာမီတွင် အဖေရော အမေပါ

ဆုံးသွားသဖြင့် အာယားမ သီတာက မွေးစားခဲ့ရသည်။

ထို့ကြောင့် အက်ရှ်သည် 

သွေးက အင်္ဂလိပ်သွေး ဖြစ်သော်လည်း

စိတ်က အိန္ဒိယစိတ် ဖြစ်နေသည်။

အိန္ဒိယ တပ်တွင်း ပုန်ကန်မှုကြီး ဖြစ်ပွားသည့် အခါ

သီတာက သူ့ကို အိန္ဒိယ တိုင်းရင်းသားကလေး အဖြစ်

အယောင်ဆောင်ခိုင်းပြီး ကြီးပြင်းအောင် မွေးခဲ့ရသည်။

သူ၏ ငယ်ဘဝတွင် အက်ရှ်သည် ဇူလီနှင့် တွေ့ကာ

ကစားဖော် ကစားဖက်များ ဖြစ်လာခဲ့ကြသည်။

နောက်ပိုင်းတွင် အက်ရှ်သည်

ဘိလပ်သို့ သွားရောက် ပညာ သင်ကြားပြီး

အိန္ဒိယသို့ ပြန်ရောက်ချိန်တွင်

နယ်ခြားစောင့် တပ်တွင် အမှုထမ်းနေသည်။

နောက်ပိုင်းတွင် ဇူလီနှင့် ဆန်းကြယ်စွာ ပြန်ဆုံစည်းခဲ့သည်။

ဇူလီသည် ဘိသော မဟာရာဇာ၏ ကြင်ရာတော် 

ဖြစ်နေသည့် အတွက် လင်ယောကျ်ား ကွယ်လွန်၍

ဟိန္ဒူ ထုံးစံ အရ မီးပုံထဲ ခုန်ဆင်းရမည့် အချိန် ဖြစ်နေသည်။

အက်ရှ်သည် ဇူလီ့ကို ကယ်တင်နိုင်မည်လား၊

ချစ်သူ နှစ်ဦး ပြန်လည် ပေါင်းဖက်နိုင်မည်လား၊

ဒေါသ မရှိ၊ လောဘ မရှိ၊ မောဟ မရှိ၊

စစ်မက် မရှိ၊ သတ်ဖြတ်မှုတွေ မရှိသည့်

ရွှေပြည်တော်ဆီသို့ အရောက် လှမ်းနိုင်ကြမည်လား။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။