ခေတ်သစ် လူနေမှုဘဝ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတာနဲ့အမျှ လူတွေလည်း ပိုပြီး ထိလွယ်ရှလွယ် ဖြစ်လာကြတယ်။ ခံနိုင်ရည် လျော့လာတယ်။ မျှော်လင့်ချက်တွေ အားနည်းလာတယ်။
ဒီတော့ဘယ်လိုနည်းနဲ့ရှေ့ဆက်မလဲ။ မမြင်ရတဲ့ အမှောင်ထဲကို ရဲရဲဝံ့ဝံ့ ဘယ်လိုတိုးဝင်မလဲ။ နာကျင်ခြင်းတွေဆီကနေ ထွက်ပြေးနေတာကို ရပ်ပြီး လူဖြစ်ရတဲ့ဒုက္ခကို ဘယ်လိုရင်ဆိုင်မလဲ။
ဒီစာအုပ်ဟာ ပျော်ရွှင်/အောင်မြင်/ကြီးပွားရေးစာအုပ် မဟုတ်ဘူး။ ဘဝကို ပိုလွယ်သွားအောင် ကူညီပေးမယ့်နည်းလမ်းတွေ မပါဘူးနာကျင်မှုတွေ လျော့သွားအောင် စွမ်းဆောင်မပေးနိုင်ဘူး။ ပိုပြီး ရဲရင့်လာအောင်ပဲ အားပေးနိုင်မယ်။ ဒုက္ခကို ပိုနားလည်လာအောင်ပဲ ရှင်းပြပေးနိုင်မယ်။
ရောက်မလာသေးတဲ့ အချိန်တွေကို ကြိုတွေးပြီး မောနေမယ့်အစား လက်ရှိအခြေအနေမှာ အကောင်းဆုံးနေဖို့ လမ်းပြပေးတဲ့ စာအုပ်ပါပဲ။