Books /ဂျိမ်း(စ်)လှကျော်
မောင်ရင်မောင် မမယ်မ(ဂျိမ်း(စ်)လှကျော်) Burmese Book
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
ဤ မောင်ရင်မောင် မမယ်မ ဝတ္ထုကို မန္တလေး မြို့တည်နန်းတည် အနှစ် ၁၀၀ ပြည့် ပွဲတော်ကြီးအမီ (ကသီကရီနှင့်) ရိုက်နှိပ် ထုတ်ဝေပေးရသည့်အတွက် ကျွန်ုပ် တို့မှာ ဝမ်းသာ ဂုဏ်ယူမိခြင်းများ ရှိရကြောင်းကို ဦးစွာ ပထမ ဝန်ခံရပေမည်။
ဤစာအုပ်ကို မူပိုင်ပေးသော စာရေးဆရာကြီး ဂျိမ်း(စ်)လှကျော်၏ သမီး ဒေါ်တင်တင်နှင့် သမီး ခင်ထားဦးတို့က မန်းမြို့တည် နန်းတည် ရာပြည့်ပွဲတော် ကြီး အမီ ထုတ်ဝေလိုပါသည်။ ကြိုးစား၍ကူပါ ဆိုလာသည့်ရက်မှာ ပွဲစတော့မည့် ၃ ရက် အလို၌ ဖြစ်ပေသည်။" စာတစ်အုပ်ကို ဤရက်မျိုးမျှနှင့် ပြီးနိုင်သည် မဟုတ်လင့်ကစား ခင်ထားဦးတို့၏ ဆန္ဒကို ကျွန်ုပ်တို့က အစွမ်းကုန် ကြိုးစားပေး ပါမည်ဟု ကတိပေး၍ ကျွန်ုပ်တို့၏ လူထုတိုက် အလုပ်သမားအဖွဲ့က နေ့ရော ညဉ့်ပါ ပွဲတော်ရက်ကြီး၌ အလုပ်ဆင်း၍ လုပ်ပေးကြရပါသည်။
ဤသို့ ကြိုးပမ်းပေးကြခြင်းမှာ ကျွန်ုပ်တို့တွင် ယုံကြည်ချက်နှစ်မျိုး ရှိသော ကြောင့် ဖြစ်ပေသည်။ ပထမတစ်မျိုးမှာ ဤ မောင်ရင်မောင် မမယ်မ ဝတ္ထု ပြန်လည်ရိုက်နှိပ်သင့်သော စာအုပ်မှန်သောကြောင့် ဖြစ်သည်။ ဒုတိယယုံကြည်ချက် မှာ အမျိုးသားယဉ်ကျေးမှုများ ပြန်လည် ဖော်ထုတ်သည့် ဤပွဲတော်၊ အမျိုးသား ယဉ်ကျေးမှုများကို ဆက်လက် ထိန်းသိမ်းသည့် ဤပွဲတော်၊ အမျိုးသား ယဉ်ကျေးမှု များ ဆန်းသစ်တီထွင်သည့် ဤပွဲတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ဤစာအုပ် ထွက် ပေါ်အပ်သည် ဟူ၍ ယုံကြည်သောကြောင့် ဖြစ်ပေသည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page