ဤစာအုပ်ငယ်သည် မလေးဘာသာမှ မြန်မာဘာသာသို့၊ မြန်မာ
ဘာသာမှ မလေးဘာသာသို့ အလွယ်တကူပြန်ဆိုလေ့လာနိုင်စေရန်အတွက် ရည်ရွယ်ပြီးရေးသားထားသော စာအုပ်ငယ်တစ်အုပ် ဖြစ်ပါသည်။
ပြီးပြည့်စုံသော အဘိဓာန်စာအုပ်တစ်အုပ် မဟုတ်သော်လည်း၊ မလေးဘာသာစကားကို၊ လေ့လာလိုက်စားလိုသူများအတွက် ဤစာအုပ်က အနည်းနှင့်အများ အထောက်အကူပြုပါလိမ့်မည်။
စာရေးသူအနေဖြင့် အလွယ်တကူအသုံးပြုနိုင်မည့် စကားလုံးများ၊ လက်တွေ့ အသုံးဝင်မည့်စကားလုံးများကိုသာ ဦးစားပေး၍ ရှာဖွေတင်ပြ ပေးထားပါသည်။
စာဖတ်သူအနေဖြင့် ထပ်မံသိရှိလိုသည့်အချက်အလက်များ၊ စကားလုံးများ၊ အခေါ်အဝေါ်များရှိပါကလည်းကောင်း၊ ဘာသာပြန်ဆိုရာတွင် အခက်အခဲတစ်စုံတရာရှိပါကလည်းကောင်း စာရေးသူထံသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မလေးရှားနိုင်ငံထုတ် Malay- English အဘိဓာန်များ၊ စကားပြောစာအုပ်များကို မှီငြမ်းပြီး၊ စာရေးသူ၏ အတွေ့ အကြုံများလေ့လာ သင်ယူမှုများ၊ နားလည်တတ်ကျွမ်းသူတို့ထံမှ အကြံဉာဏ်များကို ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးသားထားပါသည်။
ဘာသာစကားကျွမ်းကျင်မှုဖြင့် မလေးရှားရောက်ရွှေမြန်မာများ အောင်ပန်းဆင်နိုင်ကြပါစေ။