Books /အောင်လှိုင်
နည်းနည်းလုပ် များများရ ၈၀/၂၀ နိယာမ(အောင်လှိုင်)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
တကယ်တော့ သင်ဟာ ဘယ်နိယာမကိုမှ နားလည်သည်ဖြစ်စေ၊ မလည် သည်ဖြစ်စေ သင့်ဘဝအတွက် အသုံးချနိုင်ခြင်းအားဖြင့် သင့်အတွက် အကျိုးရလဒ် ကောင်းတွေ ရစေမှာဖြစ်ပါတယ်။ သင်က 80/20နိယာမအား သဘောပေါက် နားလည်ခြင်းဖြင့် သင့်အနီးဝန်းကျင်ရဲ့ လောကမှာ အမှန်တကယ် ဘာတွေဖြစ် ပျက်နေတယ်ဆိုတာကို ကောင်းစွာ နားလည်ထိုးထွင်းသိမြင်နိုင်ပါလိမ့်မယ်။
ဤစာအုပ်မှာပါတဲ့ သတင်းအချက်အလက်တွေကို ကျွန်ုပ်တို့က အလေး ထားပြီး လက်တွေ့ကျင့်ကြံဆောင်ရွက်မယ်ဆိုပါက 80/20နိယာမကြောင့် သင့်ရဲ့ နေ့စဉ်ဘဝတွေ တိုးတက်အောင်မြင်တာကို လက်တွေ့ကြုံတွေ့ခံစားရပါလိမ့်မယ်။ အမှန်တကယ်လည်း စာအုပ်ပါ သတင်းအချက်အလက် တစ်ခုချင်းစီဟာ သင့်အလုပ်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးပြီး သင့်ကို စိတ် ပျော်ရွှင်မှုရှိစေတာ တွေ့ရပါမယ်။ အကျိုးအမြတ် ကောင်းစွာရအောင်ရှာဖွေတဲ့ ကော်ပိုရေးရှင်းလုပ်ငန်းကြီးတစ်ခုစီဟာ 80/20 နိယာမအား လက်တွေ့အသုံးချ
ခြင်းကြောင့် အကျိုးအမြတ်များစွာ အမှန်တကယ် ရရှိခဲ့တာ တွေ့ရပါတယ်။ အကျိုးအမြတ်ကို အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခုစီကလည်း သူတို့ လိုချင်နေတဲ့ output ကို 80/20နိယာမသုံးပြီး ရယူနိုင်ကြတာ တွေ့ရပါတယ်။
နောက်ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရတွေကလည်း သူတို့နိုင်ငံ သားအားလုံး အကျိုးအမြတ်ရရှိရေးနဲ့ အာမခံချက်တွေ ခိုင်မာအောင် 80/20 နိယာမရဲ့ အကူအညီရယူခဲ့ကြပါတယ်။
လူတိုင်းနဲ့ အဖွဲ့အစည်းတိုင်းအတွက် ကောင်းသောတန်ဖိုးတွေကို ဆက် လက် ထိန်းသိမ်းပြီး မကောင်းသော တန်ဖိုးတွေကို ရှောင်ကျဉ်နိုင်အောင် ဖြည့် စွမ်းစိုက်ထုတ်မှု အနည်းငယ် ကုန်ကျစရိတ် အနည်းငယ် ရင်းနှီးမြှုပ်နှံမှု အနည်း ငယ်နဲ့ အကျိုးအမြတ် များများရအောင် လုပ်နိုင်ဖို့လည်း 80/20နိယာမက ထောက် ပံ့ပေးလျက်ရှိပါတယ်။
Page-292
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page