Books /နိုင်းနိုင်းစနေ
ကျွန်မဖတ်ဖို့ (ပေါင်းချုပ်) - နိုင်းနိုင်းစနေ (Burmese Book)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
“ ကျွန်မဖတ်ဖို့ ” ဆိုတဲ့အတိုင်း ဒီစာတွေဟာ နေ့စဉ်ဘဝမှာ ကိုယ်မေ့လျော့နေတဲ့ အသိတရား၊ အတွေးအမြင်တွေကို ပြန်သတိရစေဖို့ ၊ ကိုယ်တိုင် ပြန်လည်ဖတ်ရှုဖို့ ရေးဖွဲ့ထားတဲ့ စာစုတွေဖြစ်ပါတယ် ..
တိုတိုထွာထွာ မှတ်ရလွယ်၊ ဖတ်ရလွယ်တဲ့ အဆိုအမိန့်တွေ၊ ပုံပြင်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ စိတ်ဓာတ်ခွန်အားတွေအကြောင်းကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရမှာပါ ..
အခုတစ်ခါမှာတော့ ရှာဖွေဝယ်ယူရ လွယ်ကူအောင် ဒါမှမဟုတ် ဒီစာအုပ်နဲ့ အဖော်ပြုဖြစ်ခဲ့တဲ့ ကိုယ့်ဆယ်ကျော်သက် ဘဝကို ပြန်တမ်းတ သတိရမိအောင် အရင်က ထွက်ရှိထားတဲ့ ကျွန်မဖတ်ဖို့ (၁) ကနေ (၇) အထိ အားလုံးကို စုစည်းပြီး
မဂ္ဂဇင်းဆိုဒ် ခန့်ချုပ်(Hardcover)နဲ့ " ကျွန်မဖတ်ဖို့ " ပေါင်းချုပ် အဖြစ် ခန့်ခန့်ထည်ထည်ဖြစ်အောင် ပြန်လည်စီစဉ်ထားပါတယ် ..
ဒီစာအုပ်လေးကို သူငယ်ချင်း အချင်းချင်း အမှတ်တရလက်ဆောင် စာအုပ်အဖြစ်၊ မွေးနေ့လက်ဆောင်စာအုပ် အဖြစ်၊ အားငယ်စိတ်ဓာတ်ကျချိန်မှာ ဖတ်တဲ့စာအုပ်အဖြစ် အသုံးပြုလို့ရသလို အခုမှ စာဖတ်ကျင့်ကို မွေးမြူမယ့် ဆယ်ကျော်သက် လူငယ်လေးတွေအတွက်လည်း သင့်တော်တဲ့ စာအုပ်လေးတစ်အုပ်လည်း ဖြစ်ပါတယ် .....
Page - 400
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page