Books /နိုင်းနိုင်းစနေ
ကျေးဇူးပြု၍မေမေ့ကို ကြည့်ရှု စောင့်ရှောက်ပါ - နိုင်းနိုင်းစနေ (Burmese Book)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
ကမ္ဘာပေါ်က ရှိရှိသမျှ မေမေတိုင်းဟာ လူသားဆန်ဆန် စိတ်ကူးအိပ်မက်တွေ ရှိကြပါလိမ့်မယ် .. သားသမီးတွေ ရှိလာတဲ့အခါမှာတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ပြီး သားသမီးအတွက် ဆိုတဲ့ စိတ်နဲ့ပဲ နောက်ကွယ်ကနေ ရှင်သန်ရပ်တည်သွားကြတဲ့ မေမေတွေ များပါတယ် ..
ဒီစာအုပ်ထဲက မေမေဟာလည်း မိသားစုအတွက် သူ့ဘဝတခုလုံးကို နစ်မြုပ်ပြီး ရုန်းကန်ကြိုးစားပေးနေတာကို မြင်တွေ့ရမှာပါ ..
တစ်နေ့မှာ သားသမီးတွေရှိတဲ့နေရာကို ခင်ပွန်းဖြစ်သူနဲ့ အတူသွားရင်း ရထားဘူတာမှာ သူမ လူကွဲပြီး ကျန်ရစ်ခဲ့ရပါတယ် .. ပိုဆိုးတာက သူမကိုယ်သူမ ပျောက်ဆုံးနေတဲ့ အခိုက်အတန့်ကို ကြုံတွေ့ခံစားနေရတာပါ ..
အလုပ်ကိုယ်စီရှုပ်နေကြတဲ့ သားသမီးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ သူမပျောက်ဆုံးသွားတော့တဲ့ အခါကျမှ သူမရဲ့ တန်ဖိုးကို တစိမ့်စိမ့်တွေးကာ နားလည်သဘောပေါက်လာကျပြီး သူမကို အပူတပြင်း လိုက်ရှာကြပါတော့တယ် ..
သူတို့မိသားစုလေး ပြန်လည်ဆုံစည်းနိုင်ကြပါ့မလား ဆိုတာကတော့ ..
ဒီစာလေးကို ဖတ်မိသူဟာ မေမေနဲ့ ဝေးနေတဲ့သူ ဖြစ်ချင်လည်းဖြစ်မယ် ၊ မေမေနဲ့ ပြန်မဆုံစည်းနိုင်ကြတော့တဲ့ သားသမီးလည်း ဖြစ်ချင်ဖြစ်မယ် ..
အကယ်၍ မေမေက အနားမှာဖြစ်ဖြစ် ၊ သက်ရှိထင်ရှားပဲဖြစ်ဖြစ် ရှိနေသေးခဲ့ရင် " ကျေးဇူးပြု၍ မေမေ့ကို ကြည့်ရှု စောင့်ရှောက်ပါ " နော် .....
Page - 248
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page