Books /သံလွင်မြင့်
ကမ္ဘာအနှံ့မှ မျိုးနွယ်စုရိုးရာပုံပြင်များ - သံလွင်မြင့် (Burmese Book)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
ရိုးရာပုံပြင်များသည် အလွန်ရှေးကျသော စာပေပုံသဏ္ဍန်တမျိုး ဖြစ်ပါသည်။ စာပေဟု ဆိုသော်လည်း ရွှေနန်းတော်ကြီးထဲမှ ပညာရှင်ကြီးများထံက လာသည့် ခန့်ခန့်ညားညား ဂန္ဓဝင်စာပေကြီးများ မဟုတ်ကြပါ။ တောသူတောင်သား၊ လယ်သမား၊ တံငါ၊ ကုန်သည် စသည့် ပြည်သူများ ကြားမှ ပေါက်ဖွါးလာသည့် နူတ်ပြော စာပေဖြစ်ပေသည်။
သမိုင်းမတင်မီ အချိန်များကတည်းက မျိုးနွယ်စု အသီးသီးတွင် ပြောလေ့ရှိသော ပုံပြင်များသည် လက်ဆင့်ကမ်းပြီး ယနေ့ခေတ်အထိသို့ ရောက်လာကြခြင်း ဖြစ်၏။ ပုံပြင်များသည် ပဉ္စလက်သရုပ်မှန်စာပေ၏ အစောဆုံး ပုံစံများ ဖြစ်သည်ဟုပင် ဆိုချင်ပါသည်။
အဆိုပါ ပုံပြင်များထဲတွင် စကားပြောတတ်သော ကျားတစ်ကောင်ကို တွေ့ရနိုင်သည်။ နှစ်ထောင်ချီအိပ်ပျော်နေသော မင်းသမီးနှင့် ဆုံရနိုင်သည်။ သစ်သီးထဲက မွေးဖွါးလာသော လူတစ်ဦး၏ အဖြစ်အပျက်တွေကို သိရနိုင်သည်။ နေမင်းကြီးထံ ပစ်လွှတ်လိုက်သော မြားတစ်စင်းကို မြင်ရနိုင်သည်။ အလယ်ခေတ် ရဲတိုက်ကြီးများအတွင်းက ဂီတသံကို ကြားရနိုင်သည်။
မတူကွဲပြားခြားနားသော မျိုးနွယ်စုများ၏ ရိုးရာပုံပြင်များကို ဖတ်ရှုခံစားရာမှ ၎င်းတို့၏ ယုံကြည်မှု၊ ချစ်ခင်မြတ်နိုးမှု၊ ရိုးရာယဉ်ကျေးမှု၊ တန်ဖိုးထားမှုများကို လေ့လာရသလို၊ ပုံပြင်များ၏ မှော်ဆန်သော ဇာတ်လမ်းဇာတ်ကွက်များကိုလည်း ခံစားမွေ့လျော်နိုင်၏။
ယဉ်ကျေးမှု ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ဘဝနေနည်းဟု သတ်မှတ်ကြသည်။ ထို ဘဝနေနည်းများထဲတွင် လူ့အဖွဲ့အစည်းအလိုက် ရှေးရှေးအခါက ပြောဆိုခဲ့သော ပုံပြင်များပါဝင်ပေရာ ရိုးရာပုံပြင်များသည် ယဉ်ကျေးမှု၏ အစိတ်အပိုင်းများပင် ဖြစ်ပေသည်။
ရိုးရာပုံပြင်များကို နားဆင်၊ ဖတ်ရှု၊ ရေးသား တင်ဆက်နေခြင်းသည် အဆိုပါ ပုံပြင်များကို ဆက်လက်အသက်ဝင်နေအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုများကို ထိန်းသိမ်းနေခြင်းဟုပင် ဆိုချင်ပါသည်။
"ကမ္ဘာအနှံ့မှ မျိုးနွယ်စုရိုးရာ ပုံပြင်များ " စာအုပ်တွင် စာရေးသူ ငယ်စဉ်က ကြားဖူးသော၊ ဖတ်ဖူးသော မျိုးနွယ်စုရိုးရာ ပုံပြင်များကို Retold ခေါ် ပြန်လည်တင်ဆက်ထားပါသည်။
ပုံပြင်မူကွဲများစွာ ရှိသည့်အထဲက ဖတ်ရှုသူတို့ အပျင်းပြေစေရန်၊ စိတ်ဝင်စားစေရန် ဇာတ်လမ်းဇာတ်အိမ်များ ပြန်လည် စပ်ဟပ်ပြီး ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။ မြန်မာပြည်မှ မျိုးနွယ်စုများ၏ ပုံပြင်များ၊ ကမ္ဘာအနှံ့မှ မျိုးနွယ်စု ပုံပြင်များပါဝင်ပါသည်။
မြန်မာနှင့် နိုင်ငံတကာ ပုံပြင်တင်ဆက်ကြသူ ဘိုးဘေးများ၏ ကျေးဇူးကြောင့်သာ ယခုလို ပုံပြင်များကို သိမြင်ကြားဖူးရခြင်း ဖြစ်သည်။ ပုံပြင်များ နှင့် ပုံပြောသည့် ဓလေ့တို့ ဆက်လက်ထွန်းကား လက်ဆင့်ကမ်းနိုင်ပါစေ။
( ဆရာသံလွင်မြင့်၏ အမှာစာမှ )
Page - ၁၁၂
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page