#BurmeseBook #MyanmarBook
ကိုယ့်အသားကို ပုံပေးရတယ် ။
ကိုယ့်သွေးကို သောက်သုံးပြီး ကိုယ့်ရင်ငွေ့ နဲ့
သူတို့တွေ ရှင်သန်ကြတယ် ။
အချိန်တန် အရွယ်ရောက်လာရင်
ဝေဆာသောပန်းတွေ
ရင်နဲ့အမျှ ပွင့်ပေးပြန်တယ် ။
ကိုယ့်အတွက်တော့ မဟုတ်ခဲ့ဘူး ။
လိုသူတွေ ခူးဆွတ်ပန်ဆင်ဖို့ အတွက်ပါ ။
တကယ်တော့ ငါဟာ
ချစ်တတ်တဲ့ နှလုံးသား နဲ့
ပန်းပျိုးတဲ့လက် ပါတာက လွဲပြီး
ဘာမှ သုံးမရတဲ့ ကောင်ပါ ။
ငါ မရှိတဲ့ အရပ်မှာ
သင်တို့တွေ
ထိပ်ထား ပျော်အောင်
ပန်ဆင်ပေးကြပါ ..............................
သူကတော့
ကမ္ဘာကြီး ပိသေမလောက်
ချစ်ခဲ့ပေမယ့်..........
သူမကတော့ ...
ဆံနွယ် လေတိုးသလောက်တောင်
သဘောထားခဲ့မှာ မဟုတ်ပါဘူး............
နှလုံးသားဆိုတာ မြင်းတစ်ကောင်လို
ဇက်ကြိုးတပ် ထိန်းကွပ်လို့ရတာ မဟုတ်ဘူး ။
သူ့ကိုယ်ငွေ့ နဲ့ သူ ရှင်သန်တယ် ။
သူ့ ရေသောက်မြစ်ကို သူရှာတယ် ။
သူ့အချိန် သူ့အခါနဲ့
ပွင့်လိုသောပန်းကို ပွင့်တယ် ။
ဒါကို မပွင့်နဲ့လို့ ပြောလို့ မရဘူး ။
တားဆီး ပိတ်ပင်လို့လဲ မရဘူး ။
အခုလည်း သူ့ရင်တွင်းမှာ
ပန်းတစ်ပွင့် ပွင့်နေပါပြီ ။
ထားရင်လည်း နေမှာပါပဲ ၊
သတ်ရင်လည်း ဝိညာဥ်အဖြစ်
ဒီအနီးဝန်းကျင်မှာ ကုတ်ကပ်နေဖို့
ကြိုးစားမှာပါ .........
ဘယ်သူတွေ ဘယ်လိုပဲပြောပြော ။
ဘယ်လိုပဲ ထင်ထင်ပေါ့ ။
ဘုရင့် သမီးတော်ကိုလဲ သူ့မှာ
ချစ်ပိုင်ခွင့် ရှိပါတယ် ။
ဘုရင့် သမီးတော်ကို တေလေ တစ်ယောက်က
မချစ်ရဘူးလို့ အမိန့် မထုတ်ထားပါဘူး ။
ကွာခြားလွန်းပေမယ့် သူ့မှာ ချစ်ခွင့်ရှိနေတယ် ။
ဒါဟာ နှလုံးသားတိုင်းအတွက်
လွတ်လပ်သော အခွင့်အရေးပါ ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ချစ်ပိုင်ခွင့်ရှိတယ် ။
မြတ်နိုးပိုင်ခွင့်ရှိတယ် ။
ပြီးတော့ စိတ်ကူးနဲ့ ရူးပိုင်ခွင့်လည်း ရှိတာပါပဲ ။
" ချစ်တယ်......... ထိပ်ထားရယ် "
ပြီးတော့.........
" ချစ်သွားတယ်"
"မခိုးချင်ပဲ ခိုးရ၏ ။ ခိုးသောအပြစ်သည်
ကျွန်ုပ်အပြစ် ဖြစ်လေသည် ။
ခိုးယူသူသည် ကျွန်ုပ်မဟုတ် ။
မခိုးရမနေနိုင်သော စိတ်ဖြစ်သည် ။
ထိုမကောင်းသော အမိုက်
စိတ်ထား၏ နှိုးဆော်မှု့ကြောင့်
ဤပစ္စည်းကို ခိုးယူရပါသည်....... 😁 "
နောက်ဆုံး အနေနဲ့ တစ်ခုပဲ သိစေချင်တယ် . . . .
ထိပ်ထားကို တက်ကုန် ရွက်ကုန်
ချစ်ခဲ့သူ တစ်ယောက် . . . . .
ဒီကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတယ် ဆိုတာကိုပေါ့ . . . . ။
အနုပညာကို ဦးစားပေး ရေးဖွဲ့ထားသော ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ ကျွန်တော် ရေးသားခဲ့သော အရင်လက်ရာများ နှင့်တော့ ကွဲလွဲကောင်း ကွဲလွဲ နေပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် လုပ်သင့်တာထက် လုပ်ချင်တာကို နှစ်သက်သူမို့ ကိုယ့်ကိုယ်ကိုယ်တော့ တာဝန်ကျေပါသည်။