ခေါင်းရန်းပန်းတို့ ပွင့်နေပြီ (သိုးဆောင်း) Burmese Book
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
#Burmese Book
`နှောင်းနေ´
အောင်မြင်တဲ့ ဇတ်ညွန်းရေးဆရာတစ်ယောက်
အလုပ်လုပ်တဲ့နေရာမှာ စေ့စပ်သေချာပြီး
တိကျ ပြတ်သားသူ ၊
သံသရဖြစ်ခံရခြင်းကို ရွံမုန်းပြီး ၊
အသေးအဖွဲ ကိစ္စလေးကစ ကိုယ်အမှားလုပ်မထားရင် လုံးဝ ဖြေရှင်းမပေးချင်သူ ၊
ဖြေရှင်းဖို့ လိုအပ်ခဲရင်တောင်
တစ်ခါက နှစ်ခါ ပိုရှင်းမပြချင်သူ ။
`မေနှစ်ကုန်´
အချစ်ကြီးတယ် ၊ သဝန်တိုတယ် ၊
ယောင်္ကျားဖြစ်သူကို မျက်စိအောက်က အပျောက်မခံချင် အနားမှာပဲထား အရိပ်တကြည့် ထိုင်ကြည့်နေချင်သူ ၊ စိုးရိမ်ပူပန်မှူတွေနဲ သံသရစိတ်များသူ ၊ အချစ်ကြီးသလောက် အမျက်ကြီးသူတယောက်ပေါ့ ။
`သောမတ်စ်´
Alternative Metal ဆိုတဲ့ ဂီတနယ်ပယ်တစ်ခုမှာ
ယုံကြည်မှူ တစ်ခု ရှူးသွတ်မှူအပြည့်နဲ
ကြိုးစားရုန်းကန်နေတဲ့
Underground band တစ်ခုရဲ့ ခေါင်းဆောင် ၊
ဂီတအပေါ်မှာ မာနကြီးသူ ၊
အနောက်နိုင်ငံတွေရဲ့ ဂီတလွမ်းမိုးမှုတွေကို အားကျပြီး မိမိဂီတအပေါ်မှာ ခံယူချက်ကောင်းတွေနဲ
ရည်ရွယ်ချက်ရှိရှိ ရပ်တည် လျှောက်လှမ်းနေတဲ့
လူငယ်မျိုးဆက်သစ် တစ်ဦး ။
သူပြောတဲ့ စကားတစ်ခွန်း သိပ်ကောင်းတယ်
``နောက်လိုက်တကာ နောက်လိုက်ထဲမှာ
အတွေးအခေါ်နောက်လိုက် အဆိုးဆုံးပဲ၊
သူတို့က ကိုယ့်ကိုယ်ကိုယ် အားမကိုးချင်ကြဘူး၊
ကိုယ့်စိတ်နဲကိုယ်တွေးရမယ့် အတွေးလေးတစ်ခုကစ သူတစ်ပါးကို မှီခိုချင်ကြတယ်၊
အဲဒီအတွေးက မှန်သလား မှားသလား မဆန်းစစ်နိုင်ဘူး၊ သူများဖြူရင်ဖြူ ၊ သူများမည်းရင်မည်း ၊
သူများလုပ်သမျှ အဟုတ်ထင်သွားတာ ၊
အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ
နောက်လိုက်တွေပဲပေါပြီး ငွေကြေးအင့်အားကြီးသူ ၊ အာဏာရှိသူတွေရဲ့ မှိုင်းတိုက်သမျှ အယုံသွင်းသမျှကို ကျောကွင်းထဲက ယုန်သူငယ်လေးတွေလို
မျက်လုံးလေး ကလယ် ကလယ်နဲ ခံနေရတာ ´´
`စိမ်းလဲ့´
ယောင်္ကျားဖြစ်သူ အချူပ်ကျနေစဥ်
သူထောင်မကျဖိုးအရေး ရှေ့နေတစ်ဦးဆီ
အားကိုးတစ်ကြီးနဲချဥ်းကပ်ရင်း
ဘဝနဲရင်းပြီးပေးဆပ်လိုက်ရသူ
စားဝတ်နေရေးအတွက် သမီးလေးတစ်ယောက်နဲ
မဖြစ်မနေ အကူညီလိုအပ်နေသော စိမ်းလဲ့
နှလုံးသားရဲ့ အလိုရ `သောမတ်´ ကို မြေတောင်မြှောက်ပေးချင်သူ ၊ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင် တွန်းတင်ပေးချင်သူ
ဘဝရပ်တည်ရှင်သန်ဖို့ ဦးသန်းထိုက် အထောက်အပံ့ မရှိမဖြစ်သလို
နှလုံးသား ဆန္ဒအရ သောမတ်စ်ကို မေတ္တာမပျက် အဆက်မဖြတ်ချင်သူ
အထူးသဖြင့် သွေးသားဆန္ဒအပေါ် ထိမ်းချူပ်မှုလျော့နည်းသူ ၊ ရမက်ကြီးသူ ၊ အလိုဆန္ဒပြင်းပြသူ၊
မြန်မာ့ယဥ်ကျေးမှုနဲ ဆန်ကျင်ပြီး
အနောက်တိုင်းဆန် ခေါတ်ဆန်လွန်းသူ ။
စိမ်းလဲ့ ဘဝပေး အခြေအနေလို့ ပြောရမလား
သူရဲ့ခံယူချက်လို့ပြောရမလား သူရဲ့ စရိုက်က …
အကယ်၍များ သင်ဟာ ကုန်လွန်ခဲ့သော ကာလတစ်လျောက်မှာ ပင်ပင်ပန်းပန်း အားစိုက်ထုတ်စရာမလိုပဲ သက်သာသောနည်းနဲ လိုသလောက်ငွေကြေးကို
ရခဲ့တယ် ဆိုပါစို့ …
လိုတာထက် ပိုပြီးတော့လည်း သုံးစွဲခဲ့ဖူးတယ် ဆိုပါစို့ …
အကယ်၍များ သင်ဟာ နောက်အနာဂတ်မဆိုထားနဲ့
အခုလောလောဆယ်အတွက်ပင် ငွေကြေးဆိုသော
ပုစ္ဆာမှာ အခက်တွေ့နေတယ် ဆိုပါစို့ …
အကယ်၍များ သင့်မိဘ သင့်အသိုင်းအဝိုင်းက
ငွေကြေးဆိုတာ ဂုဏ်သိက္ခာရှိသော နည်းနဲ့သာ
ရှာဖွေရခြင်းဖြစ်ကြောင်း ၊ လူတစ်ယောက်ရဲ့ သိက္ခာသည်သာ အတိပ်၊ ပစ္စုန်ပန်၊ အနာဂတ်မှာ
မပြိုလဲနိုင်သည့်အရာဖြစ်ကြောင်း ၊
ကောင်းမွန်သောအသိ ကောင်းမွန်သော အဆုံးအမများနဲ ဆုံးမပေးဖို့ ပျက်ကွက်ခဲသည်ဆိုပါစို့ …
သင်ကိုယ်တိုင်က ငြင်းပယ်ထားသည် ဆိုပါစို့…
အဲ့ဒီလိုအခြေအနေမျိုးမှာ
တစ်ယောက်သောသူက နတ်ပြည်အတူတက်ဖို့
တပ်မက်စွာ သင့်ကို ကမ်းလှမ်းနေသည် ဆိုပါစို့
ထိုအခါ ငြင်းဆန်နိုင်တဲ့ အာသီသမျိုး
သင့်ထံမှာ ရှိနိုင်ပါဦးမည်လား…?
စာ အရေးအသားတွေက ထိမိလွန်းလို့
ပြောချင်တဲ့ အဓိပ္ပါယ် ၊ ပေးချင်တဲ့ မက်ဆေ့
မျက်လုံးထဲ အတွေးထဲ ချက်ချင်းပေါ်လာစေတယ့်
စာအုပ်ကောင်း တစ်အုပ်ပါပဲ
#Review_by_Ko_Kyaw_Gyi
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page