Books /Yamin
N5မှN3 အထိ Kanji တွဲလုံးမြန်မာပြန်များ Radical တူရာစုKanji များနှင့် ဆင်တူယိုးမှား Kanji များ(Yamin) Burmese Book
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
Kanji ကို လေ့လာရာတွင် ပုံစံတူ စာလုံးလေးများစွာရှိသောကြောင့် ကျက်မှတ်ပြီးသော Kanji များ ရော
သွားသည့် အခက်အခဲကို အနည်းနှင့်အများ မလွဲမသွေ ရင်ဆိုင်ဖူးမယ်လို့ ထင်မိပါသည်။ မိမိကိုယ်တိုင်လည်း ဂျပန် စာလေ့လာနေဆဲသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် Kanjiများ မေ့သွားသည့် ပြဿနာ၊ ရောသွားသည့် ပြဿနာကို ယနေ့တိုင် တွေ့ကြုံနေရဆဲ ဖြစ်ပါသည်။ ၂၀၁၈ ဒီဇင်ဘာက NI စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ Kinjiလေ့လာတော့ ဒီအခက်အခဲကို ပိုပြီးကြုံတွေ့လိုက်ရပါတယ်။ အလုပ်တစ်ဖက်နဲ့ အချိန်လုပြီး စာကျက်နေတဲ့အချိန်မှာ ကိုယ်ကျက်ထား တဲ့ Kanjiက အရင်ကျက်ထားတဲ့ kajiတွေနဲ့ ပုံစံက ခပ်ဆင်ဆင်တူနေတာကြောင့် ခဏခဏရောပြီး မေ့မေ့သွားပါ တယ်။ ပြန်ရှာတော့လည်း အလုံးရေ ၂ဝဝဝ ကျော်ထဲက ပြန်ရှာရတော့ နံပါတ်စဉ်လည်း မမှတ်မိနိုင်တာကြောင့် အချိ ကုန်ပြီး ပြန်ရှာမတွေ့တာက များပါတယ်။ ဒါ့ကြောင့် ကိုယ်အချိန်ပေးကျက်ထားတဲ့ kanjiတွေက အရာမထင်သလို ခံစားလာရပါတယ်။ ဒါကြောင့် note စာအုပ်လေးထဲမှာ ပုံစံဆင်တူလေးတွေ ကိုယ်ရောနေတဲ့ kanji လေးတွေကို အလုံး ၂၀ဝ၀ ထဲကနေ အကြိမ်ကြိမ်အခါခါရှာပြီး စာအုပ်လေးထဲ ချရေးပြီးမှ တစ်စုတစ်စည်းထဲ ကျက်လိုက်တော့ အဆင်ပြေသွားပါတယ်။ groupတူရာတူရာလေးတွေ စုပြီး တစ်ခါတည်းကျက်တော့ ကိုယ်ရောသွားရင်လည်း မြန်မြန် ပြန်ရှာပြီး ကျက်နိုင်သွားတဲ့အတွက်ကြောင့် အချိန်ကုန်လည်း သက်သာလာသလို ကိုယ်ကျက်ထားတဲ့ စာလေးတွေလည်း အရာထင်လာခဲ့ပါတယ်။ စာဆိုသည်မှာလည်း ကိုယ်မေ့နေတဲ့အချိန် မရှာဘဲထားတာထက် ချက်ချင်းရှာပြီး ကျက်လိုက် ရင် ပိုမှတ်မိတတ်ပါတယ်။ ထို့ကြောင့် မိမိအသုံးပြုခဲ့သည့် kanjiကျက်နည်းလေး၊ မိမိစုခဲ့တဲ့ kanjiဆင်တူစကားလုံး groupလေးတွေကို ဂျပန်စာလေ့လာနေဆဲ ကျောင်းသားကျောင်းသူများနှင့် ယခုမှ စတင်လေ့လာမည့် ကျောင်းသား ကျောင်းသူများအတွက်ပါ အသုံးဝင်မည်ဟု ထင်မိသောကြောင့် ပြန်လည်မျှဝေလိုသည့် စေတနာဖြင့် ဤစာအုပ်လေးကို သ ပြုစုခဲ့ခြင်းဖြစ်ပါသည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page