Books /နှင်းနုထွေး
N5 သဒ္ဒါပေါင်းချုပ်(နှင်းနုထွေး) Burmese Book
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Worldwide shipping
Secure payments
Authentic products
Share
ကျွန်မ ဒီ N5 သဒ္ဒါပေါင်းချုပ်ကို အဓိက ရေးသားပြုစုခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဂျပန်စာ လေ့လာနေသူတွေအတွက် အချိန်ကုန်လူပင်ပန်းသက်သာစေပြီး ဂျပန်စာကို လွယ်လွယ်ကူကူ လေ့လာနိုင်စေဖို့ ဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာတော့ N5 အဆင့်မှ သဒ္ဒါပုံစံများ၊ N4 အဆင့် သဒ္ဒါအနည်းငယ်နှင့် N5 အဆင့်တွင် သိသင့်သော Particle သုံးနည်းများကိုပါ အစုံလင်ဆုံးဖြစ်အောင် ရေးသားပြုစုပေးထား သည့်အပြင် လေ့လာရလွယ်ကူစေရန် မြန်မာဘာသာပြန်ကိုလည်း ရေးသားဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ကျွန်မ ကျောင်းသူဘဝတုန်းက ကွေ့ကြုံရတဲ့အခက်အခဲတွေကို အခြေခံကာ မှန်ကန်ပြီး လွယ်ကူတဲ့မှတ်သားနည်းများကို ရေးသားဖော်ပြထားပါတယ်။
ဒီတအုပ်လေးထဲက မှတ်နည်းတွေကတော့၊ ကျွန်မ၏ ဂျပန်စာ လက်ဦးဆရာများ ဖြစ်ကြတဲ့ ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ သင်ကြားနည်းများနှင့် ကျွန်မ၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးအခေါ် ယူဆချက်များကို ပေါင်းစပ်ထားပါတယ်။
ကျွန်မအနေနဲ့ ဒီစာအုပ်လေးကို လေ့လာမယ့်သူများကို တိုက်တွန်းချင်တာကတော့၊ သဒ္ဒါ ဆိုတာ ပုံစံကို အလွတ်မှတ်ရုံနဲ့ တကယ်တတ်မြောက်တာ မဟုတ်တဲ့အတွက် မိမိကိုယ်တိုင် များများစဉ်းစားကာ ကိုယ်ပိုင်စာကြောင်းများ .. တည်ဆောက်ဖို့. တိုက်တွန်းလိုပါတယ်။ ဒါမှသာ ဘာသာစကားတစ်ခုကို နည်းစနစ်မှန်မှန် အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ဒီစာအုပ်လေး ရေးသားပြုစုနိုင်အောင် ကျွန်မကို ဂျပန်စာသင်ကြားပေးခဲ့သော ရန်ကုန် နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ဂျပန်လူမျိုး ဆရာ ဆာတိုးနာအိုခိ၊ ကျွန်မ၏ မိဘနှစ်ပါး၊ သူငယ်တန်းမှ ယခုအချိန်အထိ ဆုံးမပဲ့ပြင်ပေးပါသော ဆရာများနှင့် သင်ဆရာ မြင်ဆရာ၊ ကြားဆရာများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ဒါ့အပြင် ဒီစာအုပ် ထုတ်ဝေရန် တစ်ဖက် တစ်လမ်းမှ ကူညီပံ့ပိုးပေးခဲ့သော HNH သင်တန်းကျောင်းမှ ဆရာမလေးများ၊ သူငယ်ချင်း အင်ကြင်းမိုး နှင့် ထုတ်ဝေသူ ကိုဇာနည်ထွန်း ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page
×
×