Books /ထက်ဘုန်းရှိန်၊ဆည်းဆာ
အနုပညာမြောက်စွာ ခိုးယူခြင်း - ထက်ဘုန်းရှိန်၊ဆည်းဆာ (Burmese Book)
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
- 
        RM 0.00
Share
လူငယ်တွေက creativity (ဆန်းသစ်ကြံဆတာ) နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတတ်ကြတယ် .. ဒါပေမဲ့ creativity ဟာ ဘာလဲ၊ တကယ် creative ဖြစ်တယ်ဆိုတာ ဘယ်လို အနေအထားကို ပြောတာလဲ၊ ဘယ်လိုလူတွေကို creative people လို့ ခေါ်ကြလဲ လို့ မေးလာရင် ရေရေရာရာ အဖြေပေးနိုင်ဖို့ ခက်နေတတ်ကြပြန်တယ် ..
ဒီမေးခွန်းတွေရဲ့ အဖြေကို Austin Kleon ရေးထားတဲ့ “Steal Like an Artist” မှာ ရှာကြည့်နိုင်ပါတယ် ..
စာအုပ်အဖွင့်မှာပဲ “အနုပညာဆိုတာ ခိုးယူမှုပဲ” လို့ ပတ်ဘလို ပီကာဆို ပြောတာကို မြင်တာနဲ့ ဒီစာအုပ်က ပေါပေါပဲပဲ စာအုပ် ဟုတ်မနေဘူးဆိုတာကို သင်သတိထားမိလိုက်မှာပါ ..
ဒီကနေ စလိုက်တာ စာအုပ်ကို အပိုင်း ၁၀ + နောက်ဆက်တစ်ခန်း - စုစုပေါင်း ၁၁ ခန်းအထိ အနုပညာဖန်တီးမှု၊ ဆန်းသစ်ကြံဆတီထွင်မှုမှာ စနစ်တကျ ခိုးယူတတ်တဲ့ အလေ့အကျင့်က ဘယ်လောက် အရေးပါသလဲ evidence တွေနဲ့ ခပ်ကျစ်ကျစ် တင်ပြသွားတယ် ..
ခိုးယူတာနဲ့ ခိုးကူးတာ . . .
ခိုးယူတာနဲ့ ဆန်းသစ်ကြံဆတာ . . .
ခိုးယူတာနဲ့ အနုပညာ . . .
ခိုးယူတာနဲ့ တီထွင်ဖန်တီးမှု . . .
စာအုပ် အဆုံးသတ်သွားရင် ခေါင်းထဲ တံတားတစ်စင်း ထင်းခနဲ ပေါ်လာသလို အတိအကျပြောရရင် ကျွန်တော်တို့တွေ စူးစမ်းနေကြတဲ့ ချိတ်ဆက်မှုတံတားကြီးကို ရှာတွေ့သွားတာပဲ ..
Page - 152
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 
- 4NiX Store Facebook Page
 
 
         
                  
                 
                  
                 
                  
                 
                  
                 
                  
                 
                   
                  