Books / အောင်ဝင်း(စိတ်ပညာ)
သိပ္ပံနည်းကျ သဘာဝကု - အောင်ဝင်း(စိတ်ပညာ) (Burmese Book)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
စင်စစ် ကျွန်တော်မှာ ရောဂါကုသရေးကို မူလက
စာပေရေးသားရန် ဆန္ဒ လုံးဝ မရှိခဲ့ပါ။ အောင်မြင်ပျော်ရွှင်နိုင်ရေးစာပေများရေးသားရန်ကိုသာ ရည်သန်ခဲ့ပါသည်။ သို့သော်
အောင်မြင်ပျော်ရွှင်ရာဌာနသို့ ရောက်ရှိရန်မှာ ကိုယ်စိတ်ကျန်းမာခိုင်ခံ့မှ ဖြစ်နိုင်သည်ကို သိမြင်ထားသဖြင့်သာ ကျန်းမာရေး၊ သန်စွမ်းရေး၊ နပျိုရေး စာအုပ်များကို အုတ်မြစ်ချပေးသောအနေနှင့် ရေးသားခဲ့ရခြင်း ဖြစ်ပါသည်။ ဤ “သိပ္ပံနည်းကျ သဘာဝကု” စာအုပ်ကို ရေးသားရာ၌ ကျွန်တော်၏ရည်ရွယ်ချက်မှာ- ၁။ များစွာသော ရောဂါသည်များသည် ဆရာဝန်နှင့် ဆေးများကိုချည်း ဖိပြီးအားကိုးမှု လွန်မနေစေရန်၊ ၂။ သိပ္ပံနည်းကျ သဘာဝဓမ္မကို စနစ်တကျ အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ၃။ မိမိတို့၏ စိတ်ဓာတ်ကို အကျိုးရှိအောင် ထိန်းသိမ်းအသုံးချတတ်စေရေးနှင့် ၄။ ဖော်စပ်ထားသော ဆေးဝါးများကို ဆရာဝန်နှင့် သမားတော်များ၏ ညွှန်ကြားမှုမပါဘဲ မိမိတို့ထင်သလို အရမ်းကာရော ဝယ်ယူသုံးစွဲရာမှ ဖြစ်ပေါ်လာတတ်သည့် ရောဂါဝေဒနာများ ရှိကြောင်း သိရှိနိုင်ကြရန် ဖြစ်ပါသည်။ စင်စစ်အားဖြင့် ဤ “သိပ္ပံနည်းကျ သဘာဝကု” စာအုပ်ပါနည်း
များကို ဖတ်ရှုလိုက်နာကြခြင်းအားဖြင့် ကျန်းမာနေကြသူများသည်လည်း ရောဂါပေါင်းစုံကို မည်သို့မည်ပုံကာကွယ်ရမည့်အကြောင်း သိရှိကြစေရန် ရည်သန်ပါသည်။
Page -
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page