Books /ဇော်ဇော်အောင်
ဝေဝေရီရီဝတ္ထု(ဇော်ဇော်အောင်) Burmese Book
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
ကျော်ဇနှင့်ခိုကလေးတို့သည် ကံ့ကော်ပင်တွေကြားမှာ အမြဲ ထာဝရရှိနေကြမည် ဖြစ်ပါသည်။ သူတို့နေ့တိုင်း သည်နေရာသို့ လာ ကြလိမ့်မည်။ စာကြည့်တိုက်သို့ သွားကြလိမ့်မည်။ စာသင်ခန်းသို့ ဝင်ကြလိမ့်မည်။ စာအကြောင်း၊ ပေအကြောင်း၊ ပညာအကြောင်း ဆွေး နွေးကြလိမ့်မည်။ သူတို့ဘဝအကြောင်း အခြားသူများ၏ဘဝအ ကြောင်းကို ပြောဆိုတိုင်ပင်ကြလိမ့်မည်။ ငယ်ရွယ်သူတို့သဘာဝ သံ သာချိုလွင်စွာ ရယ်မောကြလိမ့်မည်။ တစ်ရံတစ်ခါ ဟန်ဆောင် စိတ် ကောက်ကြလိမ့်မည်။ ဦးသူက ချော့စတမ်းမို့ အလျင်အမြန်တောင်းပန် ကြ၊ ချော့ကြလိမ့်မည်။ ထိုအခါ ဟန်ဆောင်စိတ်ကောက်သူက ပျော့ ပျောင်းပြုံးရယ်လာလိမ့်မည်။ သည်လိုနှင့် သူတို့ဘဝအနာဂတ်ကို မျှော် မှန်း၍ ပစ္စုပ္ပန်ကိုတည်ဆောက်ကြလိမ့်မည်။ အိပ်မက်များ၏အုတ်မြစ် ကို မြင်တွေ့ကြရလိမ့်မည်။ မလွှဲမရှောင်သာကြုံလာရသော ဝမ်းနည်း ကြေကွဲမှုများသည် အသက်အရွယ်နှင့်မမျှ မာကျောသောစိတ်ဓာတ်၏ အသွင်ပြောင်းတန်ခိုးများ ဖြစ်လာလိမ့်မည်။ အဆောင်ဆောင် အခန်း ခန်း သူတို့၏အနာဂတ်နန်းတော်ကို သံမဏိဖြင့် တည်ဆောက်ကြလိမ့် မည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page