Books /တက္ကသိုဘုန်းနိုင်
မေတ္တာများနဲ့ စိန်ပန်းနီနီ - တက္ကသိုလ်ဘုန်းနိုင် (Burmese Book)
- Regular price
- RM 35.00
- Sale price
- RM 35.00
- Regular price
-
RM 0.00
Share
လဲ့လဲ့ ရင်မှာ ပိုခုန်လာသည်။ တိုးတိုး နှင့် ထွေး။ သည် နာမည်လေး နှစ်ခုကလည်း သနားစဖွယ်။
"ထွေးက ဟောဒီခြံကြီးနဲ့ တိုက်ရဲ့ပိုင်ရှင် သူဌေးရဲ့ သမီးလေးပါ။ တိုးတိုးကတော့ သူဌေးရဲ့ အလုပ်သမားတစ်ယောက်ရဲ့ ညီလေးပါ။ မလဲ့လဲ့ ပြောသလိုပဲ သူတို့ကြားမှာ ခြားနားမှုက ရှိပါတယ်။ တိုးတိုးနဲ့ ထွေးတို့ရဲ့ မေတ္တာဇာတ်လမ်းဟာ ဟောဒီ စိန်ပန်းပင်ကြီးအောက်မှာ စ ခဲ့ကြတယ်။ ဪ ကျွန်တော် ပြောဖို့ မလိုပါဘူး။ မလဲ့လဲ့ မြင်ခဲ့ပြီးပါပြီ"
လဲ့လဲ့ သက်ပြင်းကို ချလိုက်သည်။ မိမိ မြင်ခဲ့ပြီးပြီ။ ဟုတ်သည်။ တိုးတိုးနှင့်ထွေး။ မိမိ မြင်ခဲ့ပြီးပြီ။
"ရှင်က ကျွန်မ .. ကျွန်မ အဲဒီအကြောင်းကို ရေးလို့ ရမယ်လို့ ထင် .. ထင်တယ်ပေါ့"
"ထင်တာ မဟုတ်ဘူး၊ မလဲ့လဲ့ ရေးတောင် နေပါပြီ"
"ရှင် ... "
"ရေးတယ် ဆိုတာ ပြောခြင်းတစ်မျိုးပါ။ မလဲ့လဲ့ စောစောက ပြောပြသွားတာတွေဟာ စီကာပတ်ကုံးနဲ့ သိပ်ကို ချောမောလှပပါတယ်"
"ဪ ... ရှင် ပြောတာနဲ့ ကျွန်မ အားရှိလာသလိုပဲ"
"ကဲ .. ကျွန်တော်တို့ သွားကြရအောင်၊ ဪ မလဲ့လဲ့ကို ကျွန်တော် လက်ဆောင်တစ်ခု ပေးစရာ ရှိသေးတယ်"
တိုက်ပုလေး၏ ဆင်ဝင်အောက်၌ လဲ့လဲ့က ရပ်စောင့်သည်။ သူက အတွင်းသို့ ဝင်သွားပြီး တစ်စုံတစ်ရာ ယူလျက် ပြန်ထွက်လာ၏။
"အဲ့ဒါ ဘာလဲဟင်"
"မေတ္တာများနဲ့ စိန်ပန်းနီနီ"
"ရှင် .... "
Pae - 267
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page