Books /တက္ကသိုလ်ဘုန်းနိုင်
ကမ္ဘာကုန်ကျယ်သရွေ့ဝယ် - တက္ကသိုလ်ဘုန်းနိုင် (Burmese Book)
- Regular price
- RM 45.00
- Sale price
- RM 45.00
- Regular price
- 
        RM 0.00
Share
တက္ကသိုလ်ဘုန်းနိုင် ဆိုလျှင် ‘ ခိုင် ‘ အပါအဝင် ဂန္ထဝင်ဝတ္ထုများ ရေးဖွဲ့ခဲ့သူ စာရေးဆရာကြီးတစ်ဦးဟု စာဖတ်ပရိသတ်များ သိကြပါသည်။ တက္ကသိုလ်ဘုန်းနိုင် ရေးဖွဲ့ခဲ့သော စာအုပ်များ စတင်ထွက်ရှိချိန်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဆရာ့ဇာတ်ကောင်များသည် ပရိသတ်တို့ အာရုံကို ဖမ်းစားဆဲ ၊ ဆရာ့ဇာတ်လမ်းများသည် ပရိသတ်တို့ ရင်ဝယ် ရှင်သန်ဆဲ၊ ဆရာ့စာအုပ်အမည်များကပင် ပရိသတ်တို့ နှလုံးဝယ် ထိခတ်ဆဲ ဖြစ်လျက်ပင် …
ကမ္ဘာကုန်ကျယ်သရွေ့ဝယ် သည် ဝတ္ထုချည်းသာ အောင်မြင်ခဲ့သည် မဟုတ်၊ တေးသီချင်းအနေဖြင့်လည်း အလွန်ကျော်ကြားခဲ့ပါသည်။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ် တေးသီချင်းကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားခဲ့ပြီး ဂန္ထဝင်တေးသီချင်းထဲတွင် ယနေ့တိုင် လူကြိုက်များလျက်ရှိသော သီချင်းတစ်ပုဒ်လည်း ဖြစ်သည်။
ကမ္ဘာကုန်ကျယ်သရွေ့ဝယ် သည် တက္ကသိုလ်ဘုန်းနိုင်၏ အောင်မြင်သော စာအုပ်များစွာထဲက တစ်အုပ်ပင်။ ပထမအကြိမ်ကို ၁၉၆၆ ခုနှစ်တွင် သုံးတွဲခွဲ၍ ထုတ်ဝေခဲ့ပြီး ပရိသတ် အားပေးမှု အထူး ရသောကြောင့် ၁၉၆၇ တွင် ပေါင်းချုပ်အဖြစ် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။ မမနွယ်နှင့် ကိုသက်ခိုင်သည် နှစ်ပေါင်းများစွာ ကြာသည်အထိ ပရိသတ်တို့ ရင်ထဲမယ် ရှင်သန်နေဆဲ …
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
 
- 4NiX Store Facebook Page
 
 
         
                  
                 
                  
                 
                  
                 
                   
                  