• IMG20250110165114
  • IMG20250110165121
  • IMG20250110165131
  • IMG20250110165141
  • IMG20250110165155
1

Books /နိုင်းနိုင်းစနေ

ကံကောင်းခြင်းတံခါး လာခေါက်တဲ့အခါ - နိုင်းနိုင်းစနေ (Burmese Book)

Regular price
RM 0.00
Sale price
RM 0.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဂျပန်တွေရဲ့ အဆိုက အရွက် (၄) ရွက်ပါတဲ့ Magic Clover အရွက်တစ်ရွက်တိုင်းမှာ ကိုယ်စားပြု တစ်ခုစီ ပါကြတယ် .. (၄) ရွက်မှာ ပထမတစ်ရွက်က အချစ် ၊ ဒုတိယအရွက်က မျှော်လင့်ချက် ၊ တတိယအရွက်က ယုံကြည်မှုနဲ့ အပိုပါလာတဲ့ စတုတ္ထအရွက်က ကံကောင်းခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုကြတယ် ….. 

ကျွန်တော်တို့တော်တော်များများက ကံကောင်းချင်ကြတယ် .. ကံကောင်းခြင်းတွေက ကိုယ့်ဆီကို အလွယ်တကူ ရောက်လာလိမ့်မယ်လို့လည်း ထင်တတ်ကြသေးတာ .. 

“ ကံဆိုသည်မှာ အလုပ် “ လို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စကားလေးဟာ သိပ်ကို မှန်တယ် .. ကျွန်တော်တို့ အလုပ်တွေလုပ်နေမှ ကံက ကောင်းလာမှာပဲ ဖြစ်တယ် .. 

ဒီစာအုပ်လေးအကြောင်း အကြမ်းဖျဉ်းပြောရရင် ကံကောင်းခြင်းအပင်လေးကို စစ်သည်တော် ၂ယောက် သွားရှာကြတဲ့ ဇာတ်လမ်းလေးက အဓိကပေါ့ .. 

ကံကောင်းခြင်းအပင် မပေါက်ရောက်နိုင်တဲ့ တောအုပ်ထဲကို ရောက်သွားကြတဲ့ စစ်သည်တော် ၂ယောက်ရဲ့ ခံယူချက် ၊ မျှော်လင့်ချက် ၊ လုပ်ရက်တွေက ဖတ်နေရင်းမှာတင် ဘယ်သူက အပင်ကို ရနိုင်လဲဆိုတာကို သင်ခန့်မှန်းနိုင်မှာပါ .. 

လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ် .. ဒါပေမဲ့ အဲ့အခက်အခဲတွေကို သင်ဘယ်လို ရင်ဆိုင်ကျော်လွှားသွားနိုင်လဲဆိုတာက သင့်ကို ဘယ်လိုလူဖြစ်စေလဲဆိုတာပါပဲ .. 

Page - 112

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။