• 687b04c20da74c4f63679625076b3703
  • 60058dd415599523726a0991794e66a3
  • 582c214d13021650f03b5c732b7b4f90
1

ချုံကြားမှ ဘုံဖျားသို့ (ဖေမြင့်) Burmese Book

Regular price
RM 30.00
Sale price
RM 30.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

ဘယ်သောအခါမျှ လက်မလျှော့ပါနှင့်

=====================
ဘာမျှလုပ်၍ကိုင်၍ မရ စိတ်ဓာတ်ကျလာသည့်အခါမျိုးတွင် ကျွန်တော်သည် ကျောက်တုံးကို တူနှင့် ထုခွဲနေသော ကျောက်ထုသမားထံ သွားရောက် ကြည့်ရှုတတ်၏။ တစ်ခါတစ်ရံ သူသည် အကြိမ်တစ်ရာမျှ ထုသော်လည်း ကျောက်တုံး မကွဲပေ။ တစ်ရာ့တစ်ကြိမ် ထုလိုက်သည့် အခါ၌မူ ကျောက်တုံး ကွဲသွားသည်။ သို့သော် ကျောက်တုံးသည် တစ်ရာ့တစ်ကြိမ်မြောက် ထုချက်တစ်ချက်ကြောင့် ကွဲခြင်းမဟုတ်၊ စောစောက ထုချက်အားလုံး၏ ပေါင်းစုအားဖြင့် ကွဲသွားခြင်းသာ ဖြစ်ကြောင်း ကျွန်တော် သဘောပေါက်ပါသည်။
(ယာကော့ဗ်ရီးစ်)
လုပ်ငန်းတစ်ခုတွင် သင်အောင်မြင်သလား၊ ရှုံးနိမ့်သလား ဟူသည် သင် ဘယ်နေရာတွင် ရပ်လိုက်သလဲဆိုသော အချက်ပေါ်တွင် မူတည်သည်။ အရှုံး တစ်ခု ကြုံရချိန်၌ ရပ်နားလိုက်လျှင် (ဝါ) အရှုံးနှင့် ပိုင်းလိုက်လျှင် ထိုပွဲ၊ သို့မဟုတ် ထိုလုပ်ငန်း၌ သင် တကယ်ရှုံးပြီ ဖြစ်သည်။
ရေးမထားသည့် ဥပဒေ။ ။ ရှုံးနိမ့်မှုဟူသည် အောင်ပွဲသို့သွားရာလမ်း၏ခရီးတစ်ဝက်မှတ်တိုင်ဖြစ်သည်။
မှန်သည်။ အောင်ပွဲမခံမီ ကြားကာလတစ်လျှောက် ရှုံးနိမ့်မှုများ အခက် အခဲများကို ရင်ဆိုင်ကျော်ဖြတ်သွားရမည်သာ ဖြစ်၏။ ယနေ့ အောင်မြင်နေသူ ကြီးဖွားနေသူတိုင်းကို မေးကြည့်ပါ။ မအောင်မြင်မီကာလတွင် မည်မျှ ထိုးနှက်ခဲ့ရသည့်အကြောင်း၊ လက်မြှောက် နောက်ဆုတ်သွားချင်လောက်အောင်ပင် မည်မျှ အစဉ်တစိုက်အရေးနိမ့်ခဲ့ကြောင်းများကို မှတ်မှတ်ရရ ပြောပြကြမည်သာ ဖြစ်သည်။
ဆရာဖေမြင့် ဘာသာပြန်ဆို ရေးသားသည့် ချုံကြားမှ ဘုံဖျားသို့ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
ချုံကြားမှ ဘုံဖျားသို့ (ဖေမြင့်)

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။