ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ (ဖေမြင့်) Burmese Book
- Regular price
- RM 17.00
- Sale price
- RM 17.00
- Regular price
-
RM 0.00
Share
အောင်မြင်သော ဘဝတစ်ခု တည်ဆောက်နိုင်ရေး တွင် အသိပညာရှိမှုသည် အဓိက လိုအပ်ချက်တစ်ခု ဖြစ် ပါသည်။ သို့သော် သိရုံသက်သက်ဖြင့်ကား မပြီးပါ။ အသိတရားကို လက်တွေ့ ဘဝ၌ ထိရောက်စွာ အသုံးချ နိုင်ဖို့ လိုပါသည်။
ဤစာအုပ်တွင် ထွန်းပေါက်အောင်မြင်သော ဘဝတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကိုယ့်အား ကိုယ်ကိုး ကြိုးစားနေကြသည့်လူငယ်လူရွယ်များအတွက် အထူး ရည်စူး ပြုစုထားသည့် စာတစ်အုပ် ဖြစ်ပါသည်။ လူငယ်များ မိမိကိုယ် ကို ပြုစုပျိုးထောင်ကြရာ၌ အထောက်အကူအဖြစ် မှီငြမ်း ပြုစရာ အလုပ်လမ်းညွှန်ချက်များ၊ သို့မဟုတ် မိမိကိုယ်ကို သတိပေးနှိုးဆော်ချက်များအဖြစ် အသုံးပြုစရာအဆို အမိန့်များ၊အယူအဆများ၊ နည်းနာများ၊ မှတ်စုမှတ်ရာ များ၊ သြဝါဒစကားများကိုသာ အဓိက ရွေးချယ်စုစည်း ထည့်သွင်းထားပါသည်။
ခေတ်အဆက်ဆက် ကမ္ဘာ့ပညာ ရှိတို့၏ ဘဝတည်ဆောက်ရေး ဆိုင်ရာအသိတရားများ ကို စုစည်းပေးထားပါသည်လွယ်လင့်တကူ ရှာဖွေ ဖော်ထုတ်ယူနိုင်ရန်လည်း ကဏ္ဍငယ်များ ခွဲခြားပေးထား ပါသည်။ ဖတ်ရုံမဖတ်ပါနှင့်။ ယင်းအသိတရားများကို လမ်းညွှန် အဖြစ်လည်းကောင်း၊ စူး ဆောက် တန်ဆာ ပလာများအဖြစ်လည်းကောင်း အသုံးပြုကာ မိမိဘဝကို အပြောင်မြောက် အလှပဆုံးသာ ပြုစုပျိုးထောင်ပါဟု တိုက်တွန်းလိုက်ရပါသည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page