လူငယ်ဆိုတာ
တက်ကြွတယ် . . .
လန်းဆန်းတယ် . . .
အားအင်ရှိတယ် . . .
မျှော်လင့်ချက်ရှိတယ် . . .
လူတိုင်းလူတိုင်း အသက်မွေးဝမ်းကြောင်းတွေ ကိုယ်စီမှာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်။
ဒီစာအုပ်လေးက ဘ၀အောင်မြင်ရေး၊ စိတ်ဓာတ်ခွန်အားဖြည့် စာစုတွေကို ပုံပြင်တွေ၊ ဇာတ်လမ်းတိုလေးတွေနဲ့ ရသဆန်ဆန်ဖတ်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်၊ ပုံပြင်တစ်ပုဒ်ပြီးသွားတိုင်းလည်း စာဖတ်သူတွေအတွက် ဆက်လက်တွေးစရာလေးတွေ ကျန်နေစေမှာဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ဖတ်ပြီး ဆက်တွေးမယ်ဆိုရင်တော့ဖြင့် ပိုမို ထိမိ ကောင်းမွန်တဲ့ ရလဒ်တွေ ရနိုင်မှာပဲဖြစ်ပါတယ်။