ငွေတွေကိုယ့်နောက်လိုက်အောင်လုပ်ပါ
ငွေနောက်တကောက်ကောက်လိုက်နေရတဲ့ဘဝက
လွတ်မြောက်ချင်ရင်တော့ ငွေနောက်လိုက်တာကိုခဏလေးရပ်ပြီး ငွေကြေးနဲ့ပတ်သတ်တဲ့ ပညာရေးနောက်သာ တကောက်ကောက် လိုက်ဖို့လိုပါတယ်
"လူမှာခြေထောက်နှစ်ချောင်းရှိပြီး ငွေမှာတော့ ခြေထောက်လေးချောင်းရှိပါတယ်"
အဓိပ္ပါယ်ကတော့
""ငွေကခြေထောက်လေးချောင်းရှိတဲ့အတွက် ခြေထောက်နှစ်ချောင်းသာရှိတဲ့ လူကလိုက်ရင် ဘယ်တော့မှလိုက်မမှီဘူး၊မောရုံသာရှိမယ်။ဒါပေမယ့် ငွေကလူနောက်ကိုလိုက်ပြီဆိုရင်လည်း အဲဒီလူကပြေးလို့လွတ်မှာမဟုတ်ဘူး"""လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
>>> ဒီအချက်ကိုမသိတဲ့သူတွေက ငွေတွေနောက်ကိုလိုက်ရင်း တစ်သက်လုံးမောပန်းနေရပါတယ်။ငွေနောက်ကိုလိုက်မယ့်အစား ငွေတွေကကိုယ့်နောက်ကို လိုက်လာအောင်လုပ်တဲ့ ပညာကိုသာ သိထားမယ်ဆိုလို့ရှိရင် ငွေကြေးအရလွတ်မြောက်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။