ပျော်ရွှင်ခြင်းလမ်းညွန်အကြောင်း
ဒီစာအုပ်လေးဟာ Motivation စာအုပ်အနေနဲ့ ကျွန်တော့်ရဲ့ ပထမ ဆုံး စာအုပ်လေးပါ။ သေချာတာကတော့ ဒီစာအုပ်က ကျွန်တော်ကိုယ် တိုင်လည်း စိတ်ညစ်တိုင်း ပြန်ဖွင့်ဖတ်မိမဲ့ ပြတင်းပေါက်တစ်ခုပါပဲ။ မာ တိကာတွေ အများကြီးထုတ်ပေးထားတယ်ဆိုတာ ဒီစာအုပ်ကို တစ်ထိုင် တည်းဖတ်တာမျိုးမဟုတ်ဘဲ မာတိကာဖတ်ပြီး ကိုယ်သိချင်တဲ့အကြောင်း အရာကို တစ်နေ့နည်းနည်းစီလေးပဲ ဖတ်ပြီး မှတ်သွားစေချင်လို့ပါ။
ဒီလောက်နဲ့ ပေါ့ပေါ့ပါးပါး ရှိတဲ့ လူတစ်ယောက်ဖြစ်လာတော့မှာ လားဆိုရင်တော့ မလုံလောက်သေးပါဘူး။ ပျော်ရွှင်မှုဆိုတာ ခရီးတစ်ခု လိုပဲ အမြဲသွားနေရမှာပါ။ တစ်ထောက်နားရတဲ့အခါတောင် ရှိဦးမှာ...။ ဒါကတော့ စာဖတ်သူတွေအတွက် ကျွန်တော်ဖျောင်းဖျနိုင်သလောက်၊ နား ချနိုင်သလောက် မှတ်စုတိုလေးတွေပါ။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပြီး သာယာတည်ငြိမ်တဲ့ ဘဝလေးတစ် ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းပြုရင်း...