Books /ကိုအောင်ကျော်(အီလက်ထရောနစ်)
ဟွာဝေး မိုဘိုင်းဖုန်း ဆားကစ်ပြုပြင်နည်း (ကိုအောင်ကျော်(အီလက်ထရောနစ်) Burmese Book
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
"ဟွာဝေးမိုဘိုင်းဖုန်း ဆားကစ်ပြုပြင်နည်း" စာအုပ် အခန်း(၁)တွင် ဟွာဝေး P Series ဖုန်းဟန်းစက်နှင့်ဆိုင်သည့် အချက်အလက်များ၊ ဖုန်းဟန်းစက်တွင် ပါဝင်သည့် အစိတ်အပိုင်းများ၊ ဖုန်းဟန်းစက်များ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများအကြောင်းကို အသေးစိတ်ရေးသားထားပါသည်။
အခန်း(၂)တွင် ဟွာဝေး P Series ဖုန်းဟန်းစက်တွင် ဖြစ်ပေါ်တတ်သည့် ဖုန်းအား သွင်းမရလျှင် ပြုပြင်နည်း၊ SIM Card Detection ၊ LCD ၊ Touchscreen ၊ Proximity/ Ambient Light Sensor ၊ Hall Sensor ၊ မော်တာ ၊ ဖမ်းစက်အပိုင်း ၊ ဝိုင်ဖိုင်(Wi-Fi)နှင့် Bluetooth တို့လုပ်ဆောင်ပုံနှင့် ချို့ယွင်းလျှင် ပြုပြင်နည်း၊ ဖုန်းများတွင် အသုံးပြုနိုင်သည့် CDMA ၊ WCDMA ၊ GSM ၊ TDS/LTE စနစ်များအတွက် ရေဒီယိုလှိုင်းနှုန်း ထုတ်လွှင့်မှုနှင့် ဖမ်းယူသည့် အပိုင်းများတွင် ချို့ယွင်းလျှင် ပြုပြင်နည်းများကို အသေးစိတ် ရေးသားထား ပါသည်။
အခန်း(၃)တွင် ဟွာဝေး U8185 ဖုန်းဟန်းစက်အမျိုးအစားများတွင် ပါဝင်သည့်အ စိတ်အပိုင်းများ၊ ဆားကစ်များ၊ ဟွာဝေး U8185 ဖုန်းဟန်းစက် ဆားကစ် အလုပ်လုပ်ပုံ၊ Baseband အပိုင်းတွင်ပါဝင်သည့် ဆားကစ်များ၊ RF Unit အပိုင်းတွင်ပါဝင်သည့်ဆားကစ် များအကြောင်းကို အသေးစိတ် ရေးသားထားပါသည်။
ယခုစာအုပ်သည် ဖုန်းဟန်းစက်များ ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအ တွက် ဆားကစ်တစ်ခုချင်းစီရဲ့ အသေးစိတ်လုပ်ဆောင်ပုံနှင့် ချို့ယွင်းမှုများအလိုက် ပြုပြင် နည်းများ၊ မိုဘိုင်းဟန်းစက်ပြုပြင်နည်းပညာ လေ့လာလိုသူများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ရေးသားထားပါသည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page