• IMG_20230827_123819
  • IMG_20230827_123833
  • IMG_20230827_104210
  • IMG_20230827_104227
  • IMG_20230827_104242
  • IMG_20230827_104250
1

Books /LMB

LMB JAPANESE (ဂျပန်စာ ၊ ဂျပန် စကားကိုအခြေခံစစ်စစ်ကနေ စလေ့လာချင်တဲ့သူတွေအတွက်) Burmese Book

Regular price
RM 75.00
Sale price
RM 75.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

LMB JAPANESE

  • သင်တန်းတက်စရာမလိုတဲ့ 𝐋𝐌𝐁 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐞𝐥𝐟-𝐬𝐭𝐮𝐝𝐲 𝐁𝐨𝐨𝐤𝐬✨
  •  အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ဘာသာစကား စာအုပ်များ
  •  Beginner level တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့စာအုပ်ဖြစ်ပါတယ်
  •  လေ့လာရမခက်အောင် မြန်မာလိုအစအဆုံးရှင်းပြထားတယ်
  •  𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞, 𝐊𝐨𝐫𝐞𝐚𝐧, 𝐂𝐡𝐢𝐧𝐞𝐬𝐞, မှာစာလုံးရေးနည်း၊ အသံထွက် အစုံပါဝင်ပါတယ်
  •  အသံထွက်နဲ့ စကားပြော၊ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 လေ့ကျင့်နိုင်အောင် 𝐖𝐞𝐛𝐬𝐢𝐭𝐞 နဲ့တွဲထားတယ်
  • စာအုပ်ထဲမှာ 𝐑𝐞𝐚𝐝𝐢𝐧𝐠, 𝐖𝐫𝐢𝐭𝐢𝐧𝐠, 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 (𝟒) 𝐒𝐤𝐢𝐥𝐥𝐬 စုံတယ်
  • ဒီ 𝐋𝐌𝐁 စာအုပ်က ဘေးနားကနေဆရာတစ်ယောက်က လမ်းညွှန်သင်ကြားပေးနေသလိုမျိုး 𝐆𝐮𝐢𝐝𝐞𝐥𝐢𝐧𝐞 အဆင့်ဆင့်ပါဝင်ပြီးသားမို့..
  •  စာလုပ်ရလွယ်တယ်၊ ထိရောက်တယ်
  •  𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 မရှိဘူး၊ 𝐇𝐞𝐚𝐯𝐲 မဖြစ်ဘူး
  • အချိန်နေရာမရွေး ကိုယ်အဆင်ပြေသလိုလေ့လာလို့ရတယ်

ဂျပန်စာနဲ့ပတ်သတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တဖြည်းဖြည်းများပြားလာတာကြောင့် မြန်မာနိုင်ငံမှာ ဂျပန်စာကို ကျယ်ကျယ် ပြန့်ပြန့် သင်ယူလာကြပါတယ်။ ဂျပန်စာက အစပိုင်းမှာ လွယ်ကူပေမယ့် Level မြင့်လာလေ ခက်လာလေမို့လို့ တော်တော်များများ လေ့လာသူတွေ အခက်တွေ့ကြတာကို တွေ့ရပါတယ်။ အခြေခံမှာ သေချာမပိုင်နိုင်ခဲ့ရင် နောက်ပိုင်းဆက်လေ့လာချင်စိတ် မရှိတော့တာမို့လို့ အခြေခံကို သေသေချာချာ ပိုင်နိုင်အောင်လေ့ကျင့်ထားသင့် ပါတယ်။

ဂျပန်စာကို ရုပ်ပုံလေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ မပျင်းရလေအောင်နဲ့ ခက်တယ်လို့ မခံစားရဘဲ သင်ယူလေ့လာမှု ခရီးစဉ်မှာ လွယ်ကူမှုရှိစေဖို့ ရည်ရွယ်ချက်နဲ့ Learn Myanmar Team က ဒီဂျပန်စာအုပ်လေးကို ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ LMB Japanese စာအုပ်မှာ မြန်မာလို စနစ် တကျသေချာရှင်းပြထားပြီး ဆရာတစ်ယောက်က အနားမှာလာရှင်းပြနေသလို ရှင်းလင်းနေအောင်လည်း အသေးစိတ် ဖော်ပြပေးထားတဲ့အတွက် လေ့လာသူတွေအနေနဲ့ တကယ့်ကို အဆင်ပြေစေမယ်လို ယုံကြည်ပါတယ်။

ဒီစာအုပ်ထဲမှာ ဂျပန်စကားလုံးဝေါဟာရတွေရဲ့ အသံထွက်၊ စာလုံးပေါင်း၊ ဝါကျတည်ဆောက်ပုံ အဆင့်ဆင့်တွေကို အသေးစိတ်ရှင်းလင်း အောင် ဖော်ပြပေးထားပါတယ်။ Vocabulary, Grammar Pattern and Sentence Structure, Dialogue, Listening, Reading, Writing ဆိုပြီး အပိုင်းလေးတွေ ခွဲထားပြီး လွယ်ယူရှင်းလင်းစွာ ဖော်ပြပေးထားပါတယ်။ စာအုပ်ထဲမှာ အဓိပ္ပာယ်တွေကို မြန်မာလို စနစ်တကျနဲ့ သေချာရှင်းပြထားပြီး လေ့လာတဲ့သူတွေ မပျင်းရအောင်၊ မှတ်မိလွယ်အောင် ပုံလေးတွေနဲ့တကွ ရှင်းပြပေးထားပါတယ်။ ဒါ့အပြင် ဥပမာအသုံး အနှုန်းတွေကိုလည်း သေသေချာချာရှင်းလင်းအောင် ဖော်ပြပေးထားတဲ့အတွက် နားမလည်မှာတော့ စိတ်မပူရပါဘူး။ ဒါကြောင့် အခုမှ ဂျပန်စာကို စပြီးလေ့လာမယ့် သူတွေအတွက် အထူးသင့်တော်မယ့် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစာအုပ်လေးက Website နဲ့လည်း ချိတ်ဆက်ထားတဲ့အတွက်ကြောင့် စကားလုံး ဝေါဟာရတွေရဲ့ အသံထွက်တွေ၊ စကားပြော တွေအပြင် Revision ပြန်ဖို့ Exercise တွေကိုလည်း Website မှာ ဝင်ရောက်လေ့လာပြီး လေ့ကျင့်နိုင်ပါတယ်။ Website မှာ အသံထွက်တွေ ကို သေသေချာချာ တင်ပေးထားတဲ့အတွက် လေ့လာသူအားလုံးအတွက် အဆင်ပြေစေမှာပါ။ စာအုပ်ထဲမှာလည်း သင်ခန်းစာတွေပြီးတိုင်း ကိုယ့်ရဲ့တိုးတက်မှုကို ပြန်စစ်ကြည့်လို့ရအောင် Self Assessment Note လေးတွေ ထည့်ပေးထားပါတယ်။ Answer Key ထည့်ပေးထားတာ မို့လို့ မိမိရဲ့ ရလဒ်ကို ပြန်ဆန်းစစ်နိုင်ပါတယ်။

ဒီ Self-study စာအုပ်ကို ဂျပန်စာလေ့လာလိုသူတွေ ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ချင်သူတွေ အလုပ်လုပ်ချင်သူတွေ မြန်မာနိုင်ငံမှာ ရှိတဲ့ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်ချင်သူတွေအတွက် ဂျပန်စာအခြေခံကို လွယ်လွယ်နဲ့ မြန်မြန်အထိရောက်ဆုံး ဆရာလွတ်လေ့လာနိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။ ကိုယ်တိုင်လည်း ဂျပန်စာကို အမြဲလေ့လာနေသလို ဂျပန်စာကို လေ့လာမယ့်သူတွေအတွက် မိမိရည်မှန်းချက် ပန်းတိုင်ကို သွားတဲ့နေရာမှာ ဒီစာအုပ်လေးက အခြေခံအုတ်မြစ်အနေနဲ့ အကူအညီဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်ဆုံးအနေနဲ့ စာအုပ်လေး ကို လေ့လာမယ့်သူအားလုံးလည်း LearnMyanmar Team မှကြိုးစားပြီး ထုတ်လုပ်ထားတဲ့ ဒီစာအုပ်လေးကို အသုံးချပြီး အခြေခံဂျပန်စာကို ပိုင်နိုင်ကျွမ်းကျင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

---

Learn Myanmar Team

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။