Books /
တန်ဖိုးရှိစွာ နေထိုင်ပါ (တိမ်သွေးအိမ်) Burmese Book
- Regular price
- RM 20.00
- Sale price
- RM 20.00
- Regular price
-
RM 0.00
Share
"တန်ဖိုးရှိစွာ နေထိုင်ပါ" လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးဟာ ဘဝမှာ တန်ဖိုးရှိအောင် နေထိုင်တတ်စေဖို့အတွက် အကြံပြုချက်များကို ရေးသားထားတဲ့စာအုပ်လေး ဖြစ်ပါတယ်။
စာအုပ်လေးမှာ အပိုင်း (၂) ပိုင်း ပါဝင်ပြီး အပိုင်း (၁) မှာ တန်ဖိုးရှိအောင် နေထိုင်တတ်စေဖို့ အကြံပြုထားတဲ့ စာစုလေးတွေကို ဖတ်ရှုရမှာဖြစ်ပြီး အပိုင်း (၂) မှာ စိတ်ချမ်းသာအောင် နေထိုင်တတ်စေဖို့ အကြံပြုထားတဲ့ စာစုလေးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ တန်ဖိုးလည်း ရှိ၊ စိတ်လည်းချမ်းသာနေတဲ့ ဘဝလေးဟာ ပျော်စရာတွေနဲ့ ပြည့်နေမှာ အသေအချာပါပဲ။
အပိုင်း (၁) တန်ဖိုးရှိစွာ နေထိုင်ပါ
မအားအောင်နေပါ
စိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။ ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။
အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။
အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။ လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ ပင်ပန်းမှာ မဟုတ်ဘူး။
လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။
မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာရပ်ပေးပါ။
အပိုင်း (၂) စိတ်ချမ်းသာအောင်နေထိုင်ပါ
Face and Fight
အားငယ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားတဲ့စိတ်လေးနဲ့ကျော်ဖြတ်ပါ။
ဝေဖန်ရှုတ်ချမှုတွေ မြင်ရတဲ့အခါ ပြုံးပြုံးလေးနဲ့ တည်ငြိမ်တဲ့ စိတ်လေးထားကာ ရင်ဆိုင်ပါ။
လျှောက်တဲ့လမ်းတွေ ဝေဝါးသွားတဲ့အခါ ဘဝရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး လျှောက်လှမ်းပါ။
ပျော်စရာတွေ ပျောက်သွားတဲ့အခါ ရင့်ကျက်ခြင်းနဲ့ တည်ငြိမ်ခြင်းကို အစားထိုးပါ။
နာကျင်စရာတွေ များလာတဲ့အခါ လွှတ်ချလိုက်ပြီး ပျော်အောင်နေပါ။
ကျွန်တော်တို့ဘဝမှာ အောင်မြင်ခြင်းရှိရင် ကျရှုံးခြင်းလည်း ရှိမယ်။ ပျော်ရွှင်ခြင်းရှိရင် ဝမ်းနည်းခြင်းလည်း ရှိမယ်။ သုခရှိရင် ဒုက္ခလည်း ရှိမယ်။အကောင်းရှိရင် အဆိုးလည်း ရှိမယ်။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲကြုံရကြုံရ၊ ဘာအခြေအနေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကောင်းတာတွေကို ကောင်းတာလေးတွေနဲ့ အစားထိုးပြီး ပျော်အောင်သာနေပါ။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page