ဤအိတ်ဆောင် အဘိဓာန်သည် တရုတ်ပြည်မကြီးမှ Dictio- nary နှင့် အခြားသော Dictionary တို့ကို အဓိကအားဖြင့် အသုံး ဝင်သော စကားလုံးပေါင်း (၅၀၀၀)ကျော်ကို ရွေးချယ်ထားပါသည်။ သင်ယူလေ့လာနေကြသော လေ့လာသူများအတွက် လွယ်လွယ်နှင့် မြန်မြန်ဆန်ဆန် သဘောပေါက် နားလည်စေရန် မူရင်း English Phonetic နှင့်အတူ၊ မြန်မာအက္ခရာဖြင့် အနီးစပ်ဆုံး အသံထွက်ပါ ပူးတွဲဖော်ပြ ထားပါသည်။ တရုတ်စာလုံး မကြည့်တတ်သည့် လေ့လာသူများအဖို့ အသံထွက်တူညီပေမယ့်၊ အဓိပ္ပါယ် မတူညီသော စကားလုံးများ၊ ရှေ့စကားလုံးနှင့်စာလုံးတူပြီး၊ နောက်ဆက်တွဲသည့် စာလုံးမတူသလို၊ အဓိပ္ပါယ်ပါ ကွဲပြားစေသည့် စကားလုံးပေါင်းများစွာ ပြုစုထားသည့် အတွက်၊ လေ့လာသူတို့အဖို့ ရှုပ်ထွေးစေသော အသံတူ များ၏ အခက် အခဲကို ဖြေရှင်းစေနိုင်ပြီး၊ နားလည် သဘောပေါက်နိုင် လိမ့်မည်လို့ ယုံကြည်ပါသည်။ ရှေ့ပိုင်း၌ တရုတ်စာလုံးများသည် လက် ရေးတိုရေးနည်းပုံစံ (UFL )သင်ကြားပေးသော စာများ ဖြစ်သည်။ နောက်ပိုင်းတွင် လက်ရေးရှည်ရေးနည်းများ ဖြစ်ပါသည်