Books /နွေအိမ်မောင်ဝင်း
အချစ်ဦးရဲ့ အချစ်ဦး (နွေအိမ်မောင်ဝင်း) Burmese Book
- Regular price
- RM 22.00
- Sale price
- RM 22.00
- Regular price
-
RM 0.00
Share
အချစ်ဦး ဟူသည် မေ့နိုင်ကောင်းသော အရာ
မျိုးမဟုတ်။သည် အချစ်ဦးရဲ့ အချစ်ဦး
သည်လည်း ပိုလို့ပင် မေ့နိုင်စရာမရှိရက်။
အဘယ်ကြောင့် ဆိုသော် ညိုသောကမ္ဘာတွင်
ရင်ခုန်စရာ လူငယ်လေး တစ်ဦး ရှိနေသည်။ ရေခြားမြေခြားမှ လူမျိုးခြား Rich သည်လည်း
ဘဝအတွက် တွန်းအားဖြစ်စေသည်။အချစ်နှင့်
ဘဝကို ရူးသွပ်သွားစေသော ဒါရီယာ ကမူ
အဆုံးစွန်ထိ နှစ်မြှုပ်ပစ်လိုက်နိုင်သည်။
သို့သော် တစ်ခါတစ်ရံတွင်မူ လူတစ်ယောက်၏ သတိပြုခံရခြင်းကို ယောင်ယမ်းလို့မျှပင် မရရှိ
နိုင်သည့် အညတရ ဘဝမျိုးလည်း ရှိတတ်ကြ သည်ပင်။ ထိုထက်ပို၍ ရင်နာစရာကောင်းသည်ကတော့ အနီးဆုံးလူနှစ်ဦးအကြားတွင် တစ်စုံ
တရာမျှ ပျက်ယွင်း သွားခြင်း မရှိပါဘဲလျက် နှလုံးသားတစ်ခုလုံး ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်သည်။ သည်လိုရင်ခုန်ရှင်သန်မှုများစွာတွင် ကံကြမ္မာ၏ အင်အားများကိုလည်း ရင်ဆိုင်ရင်း
ကျရှုံးရတတ်သည်လည်း ရှိသည်။ စင်စစ်တွင်
ဘဝ ရှင်သန်မှုသည် နှလုံးသွေးများ စီးဆင်းနေ
ခြင်းသာဖြစ်သည်။
သည်လို နှလုံးသွေးမြစ်များမှ မျောပါလာသော ကြည်နူးဆွတ်ပျံ့ဖွယ်၊နာကျင်ကြေကွဲဖွယ် ဟူ
သော အရာများစွာကို နွေအိမ်မောင်ဝင်း ၏ အချစ်ဦးရဲ့ အချစ်ဦး တွင် ဖတ်ရှုခံစားကြ
ရမည်။
'ခဏ လေး ပါမောင် တောင်းပန်စကားတွေ ကျေးဇူးတင်စကားတွေထက် ကျမ ကတိတစ်ခု လိုချင်တယ် ''
မောင် ကျမကို စူးစမ်းတဲ့အကြည့်တွေနဲ့ပြန်လှည့်ကြည့်တယ်။
'' ကျမဆီ ကို မောင် ဘယ်တော့ ဘယ်တော့မှ ပြန်မလာတော့ပါဘူးဆိုတဲ့ ကတိပေးပါ ''
#လမ်းခွဲဇာတ်ဝင်တေးမှ
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page