လူဟာ မပြောင်းလဲတာ ကြာလာရင် မပြောင်းလဲဖြစ်တော့ဘူး။
မကြိုးစားတာ ကြာလာရင် မကြိုးစားဖြစ်တော့ဘူး။
မစွန့်စားတာ ကြာလာရင် မစွန့်စားဝံ့တော့ဘူး။
မယုံကြည်တာ ကြာလာရင် မယုံကြည်တော့ဘူး။
မသင်ယူတာ ကြာလာရင် မသင်ယူဖြစ်တော့ဘူး။
အကောင်းမမြင်တာကြာလာရင် အကောင်းမမြင်တော့ဘူး။
မစုဆောင်းတာကြာလာရင် မစုဆောင်းတတ်တော့ဘူး။
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအခြေအနေမှာ
ကြာရှည်စွာထားမိနေသလဲဆိုတာ
နေ့တိုင်းမေးခွန်းထုတ်ကာ အဖြေရှာနေရမယ့် အရာတစ်ခုဖြစ်ပါတယ်။
တကယ်လို့ အဖြေရှာတွေ့ပြီဆိုရင်တော့ ဒါတက်ပိုမကြာအောင် ပြောင်းလဲဖို့ အကြံပြုပါရစေ၊ ဒါထက် ပိုကြာသွားရင် ဒါထက်ပိုပြောင်းလဲဖို့ ခက်သွားနိုင်လို့ပါ။
အပျက်စိတ်ကို အသွင်ပြောင်း၍ နှင့် အခြားစိတ်ခွန်အားပေးစာများ
စာမျက်နှာ- ၁၈၈