#BurmeseBook #MyanmarBook
အခုစာအုပ်ဟာ ထူးခြားမှုရှိပါတယ်။
တခြားသော စိတ်ခွန်အားဖြစ်ဖွယ်စာအုပ်တွေလို
စာတွေ့တွေ သီအိုရီတွေ မပါဝင်ပါဘူး။
မူရင်းစာရေးဆရာ Matt Haig ဟာ
အသက် ၂၄ နှစ်မှာ စိတ်ကျဝေဒနာအကြီးအကျယ်
ခံစားရတယ်။ တစ်ခါတစ်လေ ကိုယ့်ဘဝကိုကိုယ်
အဆုံးသတ်လိုက်ဖို့တောင် စဉ်းစားမိသေးတယ်။
အဲ့ဒီလို ဘဝကနေ ရုန်းထွက်လာပြီး
ကမ္ဘာကျော်စာရေးဆရာတစ်ယောက်
ဖြစ်လာခဲ့တဲ့ ကိုယ်တွေ့တွေကို ရေးထားတာပါ။
စိတ်ကျဝေဒနာဆိုတာ
အတိအကျကုသနိုင်တဲ့ ဆေးဝါးတွေ ကုထုံးတွေ
မရှိပါဘူး။
စိတ်ခွန်အားဖြစ်လာအောင်
ဘယ်လိုနေထိုင်ရမလဲ။
ဘယ်လိုဖြတ်သန်းရမလဲဆိုတာ
အဓိကကျပါတယ်။
ရှင်သန်ဖို့ရာ အကြောင်းများစွာ စာအုပ်ဟာ
စိတ်အားငယ်နေတဲ့ အချိန်ပဲဖြစ်ဖြစ်
စိတ်ကျနေပြီး ဘာကိုမှ
လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အချိန်မှာပဲဖြစ်ဖြစ်
ဖတ်ကြည့်လိုက်ပါ။
ခွန်အားတစ်စုံတစ်ခု ရမှာသေချာပါတယ်။
မိတ်ဆွေတို့ဘဝတွေက တန်ဖိုးရှိပါတယ်။
ရှင်သန်ဖို့ရာ အကြောင်းများစွာရှိပါတယ်။
စာမျက်နှာ ၂၈၀ (ခရင်မီ စက္ကူ)