Books /ရဲမင်းဝင်း
ရလေ လိုလေ အိုတစ္ဆေ - ရဲမင်းဝင်း (Burmese Book)
- Regular price
- RM 40.00
- Sale price
- RM 40.00
- Regular price
-
RM 0.00
Share
ဒီစာအုပ်မှာ အာဏာရှင်ဆန်တဲ့ ဒေါ်နယ် ထရန့်ကို သူ့မိသားစုက အခုလိုဖြစ်အောင် ဘယ်လိုပျိုးထောင်ခဲ့လဲဆိုတာကို ဒေါ်နယ် ထရန့်ရဲ့တစ်ဦးတည်းသော တူမ စိတ်ပညာရှင် မယ်ရီ အယ်လ် ထရန့်က ဖွင့်ချ ရေးသားထားပါတယ်။ ထရန့်မိသားစုရဲ့အမှောင်ဘက်ခြမ်းက အကြောင်းအရာတွေကို မီးမောင်းထိုးပြထားပြီး ကမ္ဘာ့ကျန်းမာရေး၊ စီးပွားရေးလုံခြုံမှုနဲ့ လူမှုရေးကဏ္ဍတွေမှာ အန္တရာယ်အရှိဆုံးလူ ဘယ်လိုဖြစ်လာတယ်ဆိုတာကို ဖွင့်ချရေးသားထားပါတယ်။
▪️သူမက စိတ်ဒဏ်ရာရဲ့ ကြောက်စရာအဖြစ်အပျက်တွေ၊ ပျက်စီးနေတဲ့ ဆက်ဆံရေးအခြေအနေ၊ လျစ်လျူရှုမှုနဲ့ နိုင်လိုမင်းထက်လုပ်မှုတွေကြောင့် ပေါင်းစည်းဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေကို ဖော်ပြထားပါတယ်။ ထရန့် မိသားစုရဲ့ လုပ်ရိုးလုပ်စဉ်ပုံစံတွေက ဘဲဥပုံရုံးခန်းမှာ လက်ရှိ နေရာယူထားတဲ့ ပျက်စီးနေသူ လူတစ်ယောက်ကို ဘယ်လို ဖန်တီး ပေးခဲ့သလဲဆိုတဲ့အကြောင်း ရှင်းပြထားပါတယ်။
▪️သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ၊ စိတ်ပညာရှင်တွေနဲ့ ဂျာနယ်လစ်တွေက ဒေါ်နယ် ထရန့်ရဲ့ အကြီးမားဆုံး အားနည်းချက်တွေကို ရှာဖွေ ခဲ့ကြဖူးပါတယ်။ မယ်ရီ အယ်လ် ထရန့် မှာတော့ လုံလောက်တဲ့ ပညာအရည်အချင်း၊ ဗဟုသုတနဲ့ မိသားစု အနီးကပ် ဆက်ဆံရေး ရှိတဲ့အတွက် ဒေါ်နယ် ထရန့်အကြောင်းကို ခရေစေ့တွင်းကျ ဖွင့်ချရေးသား နိုင်ခဲ့ ပါတယ်။ သူမ အနေနဲ့ ဒီစာအုပ်မှာပါဝင်တဲ့ ကြည်နူးဖွယ်ရာတွေ၊ ထိတ်လန့်စရာ ကောင်းတဲ့ စွန်းစားမှု တွေကို ရေးသားရတာ ဒေါ်နယ် ထရန့်ရဲ့ တစ်ဦးတည်းသောတူမ ဖြစ်နေတာကြောင့်တင်မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ဩဇာအကြီးမားဆုံး မိသားစု တွေထဲက တစ်ခုဖြစ်တဲ့ ထရန့် မိသားစုရဲ့ ပုံမှန်မဟုတ်တဲ့အကြောင်းအရာတွေနဲ့ အမှန်တရားကို ပြောပြချင်တဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်နေလို့ပါ။
Page - 299
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page