Books /ညီညီနိုင် မြန်မာပြန်
မီလျံနာ မမ(ညီညီနိုင် မြန်မာပြန်)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
အမျိုးသမီးတွေအတွက် သီးသန့် စာတစ်အုပ် ရေးရတဲ့ အကြောင်း
ရင်းနှီးမြှုပ်နှံမှု လောကမှာ - အငှားချတဲ့ အိမ်တစ်လုံး ဘယ်လို ဝယ်ရမလဲ၊ စတော့ရှယ်ယာတစ်ခု ဘယ်လို ဝယ်ရမလဲ၊ ရင်းနှီးမြှုပ်နှံမှုက အမြတ်ကောင်းကောင်းရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ယောက်ျား များ နည်းတူ မိန်းမတွေအဖို့လည်း တစ်ပုံစံတည်းပါပဲ။ စတော့ရှယ်ယာတွေ၊ စာချုပ်စာတမ်းတွေ၊ အိမ်မြေတွေ ရောင်းရာ ဝယ်ရာ ပိုင်ဆိုင်တာ၊ မွမ်းမံ ပြင်ဆင်တာ၊ ငှားရမ်းတာတွေဟာ ယောက်ျား၊ မိန်းမ ခွဲခြားထားတာ မဟုတ်ပါဘူး။
ဒါကြောင့် အမျိုးသမီးတွေအတွက်သာ ရင်းနှီးမြှုပ်နှံမှုစာအုပ် ဘာကြောင့် လိုရမှာတဲ့လဲ။
အဖြေကတော့ ငွေနဲ့ ပတ်သက်လာရင် ယောက်ျား၊ မိန်းမရယ်လို့ ခြားနားနေလို့ပါပဲ။ သမိုင်းကြောင်းအရပဲ ဖြစ်ဖြစ်၊ စိတ္တဗေဒအားဖြင့်ပဲ ဆိုဆို၊ စိတ်ခံစားမှုပိုင်းအနေနဲ့ပဲ ပြောပြော ကွာခြားတာတော့ အမှန်ပါပဲ။
ဒီကွာခြားမှုတွေက ဒီနေ့ အမျိုးသမီးအမြောက်အမြား ငွေနဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ စပ်ဆိုင်ပြီး မှောင်ထဲမှာ ချောင်ကပ်နေရတဲ့ အဓိက အကြောင်းရင်း ဖြစ်နေတာကြောင့်ပဲပေါ့။
ဒီကွာခြားမှုတွေဟာ ကျား၊ မ ခြားနားမှုတွေအရ ခွဲခြားထားသလို ဖြစ်နေလို့ ဒီစာအုပ်ကို အမျိုးသမီးတွေအတွက်သာ ရည်ညွှန်းထားရတာပါ။
Page-278
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page