Books /လှသမိန်
မိတ်ကောင်းဆွေကောင်း ရအောင်လုပ်နည်း - လှသမိန် (Burmese Book)
- Regular price
- RM 20.00
- Sale price
- RM 20.00
- Regular price
-
RM 0.00
Share
လောကတွင် လူသားအားလုံးသည် အစုအဝေးဖြင့် ပေါင်းဖွဲ့နေထိုင်ရသော သတ္တဝါဖြစ်သည့်အလျောက် မည်သူတစ်ဦးတစ်ယောက်မျှ တစ်ကိုယ်တည်း အထီးကျန်စွာ ကင်းကင်းရှင်းရှင်း နေထိုင်ခြင်း မပြုနိုင်ပေ။ ယခုစာအုပ်သည် Herbert N.Casson, Nepoleon Hill နှင့် Orison Swett Marden စသည့် တက်ကျမ်းဆရာကြီး ၁၅ ဦးကျော် ရေးသားထားသည့် ကျမ်းများကို မှီငြမ်းကိုးကား၍ မြန်မာတို့နှင့် ကိုက်ညီမည့် ပေါင်းသင်းဆက်ဆံရေးနည်းလမ်းကောင်းများကို ရွေးချယ်ထုတ်နုတ် ရှင်းလင်းထားသော စာအုပ်ဖြစ်သည်။ အထူးသဖြင့် မိတ်ဆွေကောင်းတိုးပွားအောင် ဆောင်ရွက်နည်းများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အသုံးချရန် သင့်တော်မည့် နည်းလမ်းပေါင်း (၃၀)ကို တစ်နည်းချင်းအလိုက် ရှင်းလင်းပြုစုထားခြင်း ဖြစ်သည်။ စာအုပ်ပြုစုသူမှာ ဘာသာရေးစာပေ၊ တက်ကျမ်းစာပေများ ရေးသားရာတွင် ထင်ရှားသော စာရေးဆရာ လှသမိန်ဖြစ်ပြီး "မိတ်ဆွေဆိုသည်မှာ ယူတတ်လျှင် အလကားရသော ရတနာများဖြစ်၍ သုံးတတ်မှလည်း အဖိုးတန်ကာ၊ ထိန်းတတ်မှလည်း လက်ဝယ် မြဲတတ်သည်" ဟု ဆိုထားပါသည်။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page