"ကိုယ်ရှုံးနိမ့်ပြီး မရခဲ့တဲ့အရာတွေဟာ
ကိုယ်တကယ်လိုချင်တဲ့ အရာတွေ မဟုတ်ဘူး။"
အချစ်ဟာ အချစ်နဲ့စတယ်။ အနက်ရှိုင်းဆုံး ၊ အစစ်မှန်ဆုံး
အချစ်တွေဟာ အမြဲလိုလို ရုတ်တရက် ပေးပေါက်လာကြာတဖြစ်တယ်။
အိမ်ထောင်ရေးဆိုတာ ချက်ချင်း ထမြောက်
အောင်မြင်သွားနိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး၊
အမြဲတမ်း ပြုစုပျိုးထောင်နေရတဲ့ အရာမျိုးဖြစ်တယ်။
ယုံကြည်မှုနဲ့ ချစ်ခင်နှစ်သက်မှုမပါဘဲ
ဘယ်လိုမိတ်ဆွေ ဆက်ဆံရေးမျိုးမှ မပေါ်ပေါက်နိုင်ဘူး
အရာအားလုံးကို လုပ်ချင်နေတဲ့ လူတစ်ယောက်ဟာ
ဘာကိုမှ လုပ်ဖြစ်မှာ မဟုတ်ဘူး
ကိုယ်ခန္ဒအားဖြင့် ဖြစ်စေ၊ စိတ်ဓါတ်အားဖြင့် ဖြစ်စေ
အရွယ်မတိုင်ခင် အိုတာမျိုး မဖြစ်သင့်ဘူး။
ပြင်သစ်စာရေးဆရာ အင်ဒရေမော်ရွိုင်းရဲ့ ကျော်ကြားလှတဲ့ The Art Of Living စာအုပ်ကို ဆရာမြသန်းတင့် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
ဒီစာအုပ်မှာ ဘဝနေထိုင်နည်း အနုပညာ ၉ ခုပါဝင်ပါတယ်။
ချစ်ခြင်းအနုပညာ၊
လက်ထပ်ထိမ်းမြားခြင်းအနုပညာ၊
မိသားစုဘဝအနုပညာ၊
မိတ်ဆွေဖွဲ့ခြင်း အနုပညာ
တွေးခေါ်မှု အနုပညာ၊
အလုပ်လုပ်ခြင်း အနုပညာ၊
ခေါင်းဆောင်မှု အနုပညာ၊
အိုခြင်း အနုပညာ၊
ပျော်ရွှင်ခြင်း အနုပညာ၊
သဘောတို့ကို ဖွင့်ဆိုရင်း ဘဝကိုအောင်မြင်ပျော်ရွှင်စွာ နေထိုင်နည်းကို ညွှန်ကြား ပြထားထားပါတယ်။