ကျွန်တော်တို့ လုပ်ဖို့ လိုအပ်တာက က-ပြိုင်ဘက်ကကျွန်တော်တို့ထက် ပိုသာနေတဲ့ က-အတိုင်းအတာတစ်ခုကို ရှာဖွေတွေ့ရှိဖို့ ဖြစ်ပြီး အဲဒါကို ကျွန်တော်တို့ ပျော်ရမယ်။ ဘာလို့လဲဆိုတော့ အဲဒါက တည်ရှိမှုသက်သေတည်တာ ဖြစ်ပါတယ်။ သူတို့လုပ်နိုင်ရင် ကျွန်တော်တို့လည်း လုပ်နိုင်မယ်။ ဒီတော့ သူတို့လိုမျိုး ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားကြမယ်။
အကောင်းမြင်ခြင်းကို ဆက်လက်ထိန်းထားခြင်း
ကျွန်တော့်ဇနီးက ပြောတယ်။ “တကယ်လို့ ဂျက်ဖ် မပျော်ရင် သုံးမိနစ်စောင့်ပါ”တဲ့။ လုပ်ငန်းရှင်ရဲ့ ကြိုးပမ်းအားထုတ်မှုဖြစ်ဖြစ် တခြား ဘာကိုပဲဖြစ်ဖြစ် ခက်ခဲတဲ့အခရာမှန်သမျှကို လုပ်ကိုင်တဲ့အခါ အကောင်း မြင်ခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေး ဖြစ်ပါတယ်။ အဲဒါဟာ ကန်းနေတယ်၊ လက်တွေ့ မဆန်ဘူးလို့ မဆိုလိုပါဘူး။ အဲဒါက ဆုံးရှုံးနစ် နာမယ့်အရေးတွေ ဖယ်ထုတ်ပစ်ဖို့ ခင်ဗျား ဆက်လက်စူးစိုက်ထားတာကို ဆိုလိုပါတယ်။ ခင်ဗျားရဲ့ မဟာဗျူဟာကို မွမ်းမံရမယ်။ အဲဒီမဟာဗျူဟာက ခင်ဗျား တကယ့်ကို အကောင်းမြင်နိုင်တဲ့အထိ မွမ်းမံပေးနေရမယ်။
Inc
ဧပြီလ ၁ ရက်၊ ၂ဝဝ၄ ခုနှစ်