ငါ့အတွက် ငါရှိတယ်။ (လင်းရောင်စင်) Burmese Book
- Regular price
- RM 20.00
- Sale price
- RM 20.00
- Regular price
-
RM 0.00
Worldwide shipping
Secure payments
Authentic products
Share
လူတွေက ရည်းစားနဲ့ ပြတ်တဲ့အခါငါ့အတွက် သူမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ပြိုလဲကြရတယ်။
သူငယ်ချင်းတစ်ယောက် က အခြားတစ်ယောက်နဲ့ ပိုချစ်ခင်သွားကြတဲ့အခါ ငါက ကောင်းပါလျက် ငါ့ကိုထားသွားရက်လိုက်တာ ဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းကြရတယ်။
အဖွဲ့အစည်းတစ်ခု၊နေရာတစ်ခုကနေ သူစိမ်းနေရာ၊သူစိမ်းတွေကြားထဲ ပြောင်းရွှေ့လုပ်ကိုင်ကြရတဲ့အခါ ကြေ ကွဲသောကဖြစ်ကြရတယ်။
ကိုယ့်အတွက် ကိုယ်အမြဲပါနေတာ။ကိုယ့်ရှင်သန်မှုအတွက် ကိုယ်တိုင်ဖြစ်တည်ရှင်သန်ရ၊ရုန်းကန်နေရတာကို မေ့လျော့နေခဲ့ကြတယ်။တကယ်တော့ ကိုယ့်ဘယ်ဘက်လက် အလုပ်လုပ်တဲ့အခါ ညာဘက်လက်က
ဖြည့်ဆည်းကူညီပေးနိုင်တယ် ဆိုတာကိုမေ့နေခဲ့ကြတယ်။
ကိုယ့်နှလုံးသားက နာကျင်တဲ့အခါကိုယ့်ဦးနှောက်က ထိန်းချုပ်ကူညီပေးနိုင်တာကို မေ့နေခဲ့ကြတယ်။ကိုယ့်အတွက်ကိုယ်အလိုအပ်ဆုံးဆိုတာကို မေ့နေခဲ့ကြတယ်။
တကယ်တော့ ကျွန်တော်တို့အတွက်အလိုအပ်ဆုံးဟာ ကျွန်တော်တို့ပါပဲ။
ကိုယ့်ရဲ့ကျရှုံးမှုအတွက် ကိုယ်ကိုယ်တိုင်ရုန်းထ မရှင်သန်နိုင်ရင် ဘဝတိုက်ပွဲမှာ အပြီးရှုံးနိမ်သွားပြီးပဲ မဟုတ်လား။
ဘဝတစ်ခုလုံး ကျွန်တော်တို့ကျရှုံးသွားမှာပဲ။
ဘယ်သူတွေ ဘယ်လောက်ပဲ တွဲထူဖေးမနေပါစေ၊ကျွန်တော်တို့ ထလိုစိတ်မရှိတဲ့အခါမတ်တပ်ရပ်နိုင်ပါမတဲ့လား။
မိဘက ဘယ်လောက်ပဲ ပညာရှင်ဖြစ်အောင်ကျောင်းပေါင်းစုံထားပေးနိုင်ပါစေ၊ ကြိုးစားဖြစ်တည်လိုစိတ် ကိုယ့်မှာသာ မရှ်ိတဲ့အခါနယ်ပယ်တစ်ခုရဲ့ ပညာရှင် ဖြစ်လာပါမတဲ့လား။အဲ့ဒီအတွက် ကိုယ့်အတွက်ကိုယ်ရှိနေရပါမယ်။ကိုယ့်ရှင်သန်မှုအတွက် ကိုယ်ရုန်းကန်နေရမှာပဲ။
ဘယ်သူတွေ ဘယ်လောက်ပဲတွန်းချပါစေ၊ငါ့အတွက် ငါရှိတယ်ဆိုတဲ့ စိတ်နဲ့အမြင့်ဆုံး ရောက်အောင်တက်ရပါမယ်။
ဘယ်သူတွေ ဘယ်လောက်ပဲ စိတ်ဓာတ်ကျအောင်လုပ်နေပါစေ၊
ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့ တွန်းကန်ရှင်သန်ရပါမယ်။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြိုလဲသွားပါစေ၊ ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့ ရုန်းထရှင်သန်ရပါမယ်။
ကျွန်တော်တို့ စိတ်ထဲမှာအမြဲမှတ်ထားရမှာ
"ငါ့အတွက် ငါရှိတယ်”ဆိုတာပါပဲ။
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page
×
×