Books /အလင်းဆက်
ကသောင်းကနင်းကာလ ခေါင်းဆောင်မှု - အလင်းဆက် (Burmese Book)
- Regular price
- RM 25.00
- Sale price
- RM 25.00
- Regular price
-
RM 0.00
Share
တရားဥပဒေစိုးမိုးရေးသည် ခေတ်မီနိုင်ငံတော်အတွက် မရှိမဖြစ်အရာဟု အာဒင်နာက လက်ခံယုံကြည်ထားသည်။ ဟစ်တလာသည် တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးပြိုလဲစေသောကြောင့် အာဒင်နာက ဆန့်ကျင်ခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် အာဒင်နာနောက်သို့ အန္တရာယ်များ ထက်ကြပ်မကွာ လိုက်လာခဲ့သည်။
အတိတ်က ကြွေးကြော်သံတွေကို မေ့လိုက်ကြပါ၊ တိုင်းပြည်နဲ့ ဘဝရဲ့ ပင်ပန်းနွမ်းလျမှုတွေကိုလည်း ထားခဲ့လိုက်ပါ၊ တူညီတဲ့ ဆင်းရဲဒုက္ခတွေဟာ ငါတို့အားလုံးကို အလုပ်လုပ်ကြဖို့ ဖိအားပေးနေပြီ၊ ဘုရားတရားမဲ့ဝါဒ သို့မဟုတ် ဥပေက္ခာပြုနေသလို နေထိုင်ခြင်းဟာ ကိုယ့်မိသားစုနဲ့ ဂျာမန်လူမျိုးတွေရဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။
“မင်းရဲ့ ဝါရှင်တန်ဆွေးနွေးညှိနှိုင်းပွဲမှာ မင်း အချိန်ဘယ်လောက် သုံးခဲ့ရသလဲ”
“၁၅ မိနစ်လောက်” “ဒီလိုဆိုရင် မင်းအနေနဲ့ အမှန်တရားရဲ့ လေးပုံတစ်ပုံလောက်ကို ငါ့ကို ပြောပြမယ်လို့ ငါတို့ ယူဆလိုက်ကြစို့”
"ငါ့မျက်လုံးကို ကြည့်ပါ..
မင်းတို့က ငါတို့ကို အကြွင်းမဲ့ကာကွယ်ပေးမယ်ဆိုတာကို ငါယုံကြည်နေဆဲပဲလို့ မင်းထင်နေသလား၊ မင်းတို့တိုင်းပြည်အတွက် ဆိုဗီယက်ယူနီယံနဲ့ တင်းမာမှုလျှော့ချရေးဟာ ထိပ်တန်းဦးစားပေးဆိုတာ လတ်တလောနှစ်များက မင်းတို့ တုံ့ပြန်မှုတွေက ရှင်းရှင်းလင်းလင်းဖော်ပြနေတယ်၊ အမေရိကန်သမ္မတတွေအနေနဲ့ ဘယ်အခြေအနေ ရောက်ရောက် ဘာလင်ကိုယ်စား နျူကလီးယားစစ်ပွဲအတွက် အရဲစွန့်လိမ့်မယ်လို့ ငါ မယုံကြည်ဘူး၊ ဒါပေမဲ့ မဟာမိတ်အနေနဲ့ကတော့ အရေးပါနေဆဲပါ ဆိုဗီယက်ခေါင်းဆောင်တွေအနေနဲ့ ဒီသံသယဖြစ်စရာကိစ္စတွေအပေါ် မသေချာမူက ငါတို့ကို ကာကွယ်ပေးနေတာပါ”
Page - 103
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page