ဤစာအုပ်၏ထူးခြားချက်များ
• အခြေခံကစပြီး အင်္ဂလိပ်စကား ပြောတတ်လာအောင် စနစ်တကျ လမ်းညွှန်ပြထားတယ်။
• အသုံးများတဲ့ အင်္ဂလိပ်ဝေါဟာရများကို မှန်မှန်ကန်ကန် သုံးစွဲ တတ်အောင် နည်းညွှန်ပြထားတယ်
• စကားလုံးသစ်တွေရဲ့အသံကို အနီးကပ်ဆုံး မှန်းဆိုတတ်အောင် အသံထွက်ပါ ထည့်ပေးထားတယ်၊
• ဒီစာအုပ် ကက်ဆက်ခွေနဲ့ တိုက်ပြီး နားထောင်ကြည့်ရင် အသံထွက်အမှန်ကို သိလာလိမ့် မယ်။
• လက်တွေ့ တွေ့ ဆုံစကားပြောနည်းတွေကိုပါ ဝေဝေဆာဆာ ဖော်ပြပေးထားတယ်။
• စကားလုံးအသုံးပြုပုံ မှန်အောင် မိမိဘာသာတိုးချဲ့ပြီး ပြောဆို နိုင်အောင် လိုအပ်တဲ့သဒ္ဒါစည်းကမ်းချက်များကိုလည်း ဖော်ပြ ပေးထားတယ်။
• ကမ္ဘာက လက်ခံတဲ့ မှန်ကန်တဲ့ အင်္ဂလိပ်စကားအသုံးအနှုန်းများ ကိုသာ ဖော်ပြထားတယ်။
• တကယ်တတ်ကျွမ်းသူက တကယ်ထိမိအောင် ရေးသားထား တဲ့အတွက် စိတ်ချလက်ချ အသုံးပြုပြောဆိုနိုင်တယ်
• အလယ်တန်း, အထက်တန်း, တက္ကသိုလ် ကျောင်းသူ ကျောင်း သားများနိုင်ငံခြားသွားမည့်သူများ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီ များမှာ အလုပ်လုပ်လိုသူများနိုင်ငံခြားသားများနဲ့ ဆက်သွယ် ရောင်းဝယ်လိုသူများ၊ လူအားလုံးကို ထိထိရောက်ရောက် အကျိုး ပြုမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်း ဖြစ်ပါတယ်။း