Books /ဟန်စိုး
AI ပြိုင်ပွဲ(ဟန်စိုး)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
အေအိုင်နည်းပညာဆိုသည်မှာ
အေအိုင်နည်းပညာဆိုတာ လူတွေရဲ့ ဦးနှောက်ကို တုပပြီး လုပ်ဆောင် ထားတဲ့ ကွန်ပျူတာဘာသာရပ်တစ်မျိုး ဖြစ်ပါတယ်။
လူသားတွေရဲ့ဦးနှောက်က လုပ်ဆောင်နိုင်တဲ့ အလုပ်တွေဖြစ်တဲ့ အမြင်အာရုံ ခံစားတာတွေ၊ ပြောလိုက်တဲ့ စကားတွေကို မှတ်သားဆုံးဖြတ်ချက်ချတာနဲ့ ဘာသာစကားတွေကြား ဘာသာ ပြန်တာတွေကို တုပပြီး လုပ်ဆောင်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်တဲ့နေရာမှာ သီအိုရီတွေနဲ့ ကွန်ပျူတာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အကူအညီများကို ပေါင်းစပ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အေအိုင်ဟာ လေ့လာ သင်ယူမှုတွေကို ပြုလုပ်နိုင်သလို ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိုင်ပါတယ်။
ဆန်းသစ်တီထွင်ဖန်တီးမှုတွေကြောင့် တိုးတက်လာတဲ့ ခေတ်သစ် အေအိုင် နည်းပညာတွေ တိုးတက်လာစေဖို့ စက်တွေကို လူသားတွေက သင်ကြားပေးနေသလို Machine Learning လို့ခေါ်တဲ့ စက်က ကိုယ်တိုင် လေ့လာသင်ယူ နိုင်တဲ့ နည်းပညာလည်း ရှိပါတယ်။
သင်ယူနိုင်တဲ့ နည်းပညာတွေကို ပေါင်း စပ်ပြီး အေအိုင်ကို အစွမ်းမြင့်တဲ့ နည်းပညာအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ လေ့လာသင်ယူမှုတွေပြုလုပ်ရင်း အေအိုင်ဟာ တစ်နေ့ကျရင် ဘယ်လောက် အထိ အစွမ်းမြင့်မားလာမယ်ဆိုတာ ဘယ်သူကမှ အတတ်မပြောနိုင်ပါဘူး။
Page-250
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page