လူတိုင်းမှာ မွေးလာကတည်းက တစ်နေ့မှာ ၂၄ နာရီပဲ ပိုင်ပါသည်။ မိမိပိုင်ဆိုင် သော ၂၄ နာရီကို အကျိုးရှိရှိ အသုံးချပြီး နေ့စဉ်ဘဝကို တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်သူ က စိတ်ချမ်းသာပျော်ရွှင်မှုကိုရပြီး အောင်မြင်သူဖြစ်လာပါလိမ့်မည်။ အများစုကတော့ အတိတ်ကို ပုံကြီးချဲ့နေတတ်ကြပါသည်။ အတိတ်က ရွှေထီးဆောင်းခဲ့သည်များကို ပြန်ပြော၍ မပြီးနိုင်အောင်ဖြစ်နေပါသည်။ အတိတ်က မနေ့ညကပြီးသွားပါပြီ။ အတိတ် ကို ပြန်သွားလို့မရပါ။ အတိတ်က အကြောင်းတွေကို ပုံကြီးချဲ့သည့်အတွက် ယနေ့က ကောင်းမလာပါ။ တချို့ကလည်း မနက်ဖြန်ကို အလွန်ပဲအားကိုးနေပါသည်။ မနက်ဖြန် ရောက်လျှင် လုပ်မည့်အရာတွင် တန်းစီးထားသော်လည်း ယနေ့၏တန်ဖိုးရှိရှိ အသုံး ချနိုင်မှ မနက်ဖြန်သည် လှပမည်ဖြစ်ပါသည်။ ယနေ့ကို အကောင်းဆုံးပြင်ဆင်နိုင်မှ အနာဂတ်တွင် အောင်မြင်မှုများ ရရှိပါမည်။
အမေရိကန်စာရေးဆရာကြီး ဂျွန်စီမက်ဝဲလ် (John C Maxwell) ၏ Today- Matters စာအုပ်ကိုမှီငြမ်း၍ ‘တန်ဖိုးရှိသောနေ့’ ကို ရေးသားပါသည်။ မူရင်းစာအုပ် သည် စာမျက်နှာ ၃၁၂ ရှိပါသည်။ မူရင်းစာအုပ်၏ ကျောရိုးကိုယူ၍ စာရေးသူ၏ ဘဝအတွေ့အကြုံများဖြင့်ရောမွှေရေးသားထားပါသည်။