ကျွန်တော် စိတ်အပျက်မိဆုံး နေရာလေးတစ်ကွက်ကို ပြလိုက်ရပါဦး မည်။ ကုန်းဘောင်အဆက် မဟာရာဇဝင်ကြီးများကို ပြုစုခဲ့သူ ဦးမောင်မောင် တင်၏သမီး ဒေါ်တင်တင်မေက ဒေါ်မိမိကြီးအား ပြောပြသောစကားများ ဖြစ်ပါသည်။
“ဦးဘိုးသိန်း စာအုပ်ထွက်လာတော့ ဘဘဘုရား (ဦးမောင်မောင်တင်)ဆိုတာလေ စိတ်ဆိုးလွန်းလို့ မှော်ပီ မောင်ဘိုးသိန်း ခေါ်ခဲ့လို့ ချက်ချင်းလူလွှတ်လိုက်တာပဲ။ ဦး ဘိုးသိန်း ရောက်လာတော့
“ဟဲ့ - မောင်ဘိုးသိန်း၊ မင်း ဘယ့်နှာတွေ လျှောက် ရေးနေတာလဲ။ ယောမင်းကြီးမယား ဖောက်ပြန်တယ်ဆိုတာ ဘယ်ဟုတ်လို့တုန်း။ မတော်တာ ကြံကြံဖန်ဖန်ကွယ်။ မင်း ဒီလိုအရမ်းရေးနေရင် တရားစွဲခံရလိမ့်မယ် ဘာမှတ်လဲ”
ဦးဘိုးသိန်းက လက်အုပ်ချီလျက် “သည်းခံတော်မူပါ ကိုယ်တော်ဘုရား။ ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုးကြီး စား စရာမရှိလို့ ဖတ်ကောင်းအောင် ရေးမိတာပါဘုရား”ဟု တောင်းပန်လေသည်။
ကုန်းဘောင်ခေတ်သမိုင်းကြောင်းက (အထူးသဖြင့် မင်းတုန်းနှင့် သီပေါ ခေတ်သမိုင်းက) အလိုလိုမှ ရှုပ်ရသည့်အထဲတွင် သည်လိုပါးစပ်ရာဇဝင်တွေ ထိုးဇာတ်တွေကပါ အရောရောအထွေးထွေး ဝင်လာလိုက်တော့ ဘာတွေမှန်းကို မသိဘူးဟု အော်ပစ်လိုက်ချင်အောင် ဖြစ်လာတော့သည်။ ဖောက်ပြီးပြော လိုက်ရဦးမည်။ သည်ကြားထဲမှာ ‘ဆောင်ကြာမြိုင်မှတ်တမ်း’ဆိုတာလို ပြာတာ တာ စာအုပ်တွေကလည်း တစ်မှောင့်ဖြစ်သည်