• IMG_20230726_224919
  • IMG_20230726_224926
  • IMG_20230726_224952
  • original_68dfaba6-8975-4452-b5b3-a99d824914af_IMG_20230726_225006
1

Books /

အသက် ၂၀ မှာ ပြောင်းလဲရမယ့် အချက် ၂၀ (နန်းမေလင်းလက်အောင်) Burmese Book

Regular price
RM 18.00
Sale price
RM 18.00
Regular price
RM 0.00
Worldwide shipping | 4NiX Store
Worldwide shipping
Secure payments | 4NiX Store
Secure payments
Authentic products | 4NiX Store
Authentic products

နေရာတိုင်းမှာ သူများထက်သာအောင်

=====================

၁။ တာဝန်ယူတတ်တဲ့ စိတ်ရှိပါ။

၂။ သူများထက် ပိုပြီး အလုပ်လုပ်ပါ။

၃။ ဇွဲနဲ့ ဝိရိယကို ရှေ့တန်းတင်ပါ။

၄။ ကတိကို လွယ်လွယ်မပေးနဲ့။ ပေးထားတဲ့ ကတိကိုလည်း တည်ပါ။

၅။ ရှိနေတဲ့ နယ်ပယ်အကြောင်းကို ပြင်ပဗဟုသုတတွေပါ လိုက်ရှာ ဖတ်ပါ။ သူများထက် ပိုနှံ့စပ်အောင် လေ့လာပါ။

၆။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားပါ။ မသိတာတွေရှိရင် လိုက်မေးပါ။ 

၇။ သပ်သပ်ရပ်ရပ် နေပါ။ သန့်ရှင်းမှုကို ဂရုစိုက်ပါ။

၈။ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် လေ့ကျင့်ပါ။

၉။ စကားပြောကောင်းအောင် ပြုပြင်ပါ။ သတ္တိရှိပါ။

၁ဝ။ လက်ရှိနေနေတဲ့ နေရာထက် မြင့်အောင် သွားမယ့် ရည်မှန်းချက်တွေ ထားပါ။

၁၁။ စကားပြောတော့မယ်။ အလုပ်လုပ်တော့မယ်ဆိုရင် သေချာစဉ်းစား ပါ။ အထူးသဖြင့် သူများမကောင်းကြောင်းတွေ လိုက်မပြောပါနဲ့၊ 

၁၂။ Plan အမြဲဆွဲပါ။ လုပ်စရာရှိတာကို အမြဲကြိုလုပ်ပါ။

၁၃။ မပျင်းပါနဲ့။ အချိန်ဖြုန်းတာ လျှော့ပါ။ 

၁၄။ ကျန်းမာရေးကောင်းအောင် နေပါ။

၁၅။ သူများကို ကူညီပေးပါ။ လူတွေရဲ့ယုံကြည်မှုကို ယူပါ။ 

၁၆။ ကိုယ်တိုင်ရော သူများကိုရော မလိမ်မညာပါနဲ့။ အမြဲ သူများနောက်မှာ မနေပါနဲ့။ ကိုယ်တိုင်က ဦးဆောင်နိုင်တဲ့သူ

ဖြစ်အောင် ကြိုးစားပါ။ 

အသက် ၂၀ မှာ ပြောင်းလဲရမယ့် အချက် ၂၀ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။