"ကျနော်တို့ဟာ ညဖက်ညဖက်ဆို
ဘာဖြစ်လို့ပိုပြီးနာကျင်ရလဲသိလား...
လူတွေက တစ်နေ့လုံးဘယ်လောက်ပဲပင်ပန်းပင်ပန်း
ညဆိုအိမ်ပြန်ချင်ကြတာပဲမဟုတ်လား...
ညဖက်တွေမှာ အိမ်နဲ့တူတဲ့တစ်ယောက်ယောက်ကို သတိရမိတာ ဘာဆန်းလဲ...
အဲဒီတစ်ယောက်က ကိုယ့်အနားမရှိနိုင်တဲ့အခါ နာကျင်ရတာပဲပေါ့... "
ညဘက်ညဘက်တွေဆို ကျွန်တော်တို့ဟာ မိုးနေ့ရဲ့ အပိုင်းအစများကို ဖတ်ရင်း၊ ရင်ဘတ်ချင်းတိုက်ဆိုင်တဲ့အခါ အိမ်နဲ့တူတဲ့တစ်ယောက်ယောက်ကို လွမ်းဆွေးရင်း အသည်းတွေကွဲခဲ့ကြပါတယ်။
"တချို့သောဒဏ်ရာတွေဟာ ဘယ်တော့မှ
အနာကျက်သွားတယ်လို့ကို မရှိ
တိုက်ဆိုင်မှုလေးတစ်ခုနဲ့
သီချင်းလေးတစ်ပုဒ်နဲ့
နောက်ဆုံး
အဲ့ဒီ့တစ်ယောက်ရဲ့နာမည်ကိုကြားမိရုံနဲ့
ကျနော်တို့ဟာ အစကပြန်ပြီး နာကျင်ကြရတာပဲ"
ကျွန်တော်တို့အားလုံး အသည်းကွဲဖူးတယ်။ အဲ့ဒီ့နေရာကို ရောက်ဖူးတယ်။ အသည်းကွဲဆုံမှတ်ကနေ ရှေ့ဆက် move on သွားနိုင်သူ ရှိသလို အဲ့ဒီ့နေရာမှာပဲ ခြေစုံရပ် နာကျင်စရာတွေ ပွေ့ဖက်ပြီး လွှတ်ချဖို့ ငြင်းဆန်နေသူတွေလည်း ရှိတယ်။ သေချာတာတစ်ခုက ကျွန်တော်တို့ အနည်းဆုံး တစ်ခေါက်တော့ ဘဝမှာ အသည်းကွဲဖူးမှာပဲ။ မိုးနေ့ရဲ့ အပိုင်းအစတွေဖတ်ရင်း အတိတ်က ဒဏ်ရာတွေကို ပြန်ကြည့်ကြမယ်။ လွမ်းဆွတ်ကြမယ်။ နာကျင်ကြည့်ကြမယ်။
Facebook မှာ တစ်စစီ ပျံ့ကျဲနေတဲ့ အပိုင်းအစတွေကို တစ်ခုစီ လိုက်ကောက်ရင်း စာအုပ်အနေနဲ့ ယခုတော့ ထွက်ရှိလာခဲ့ပါပြီ။ စာရေးသူကတော့ ဒီစာအုပ်ကလေးဟာ သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အသည်းကွဲစာအုပ်လို့ ပြောပါတယ်။