Books /ကလောင်စုံ
အခုရွာနေတာ တိုးနောင်မိုး(ကလောင်စုံ)
- Regular price
- RM 0.00
- Sale price
- RM 0.00
- Regular price
-
RM 0.00
Share
၁၉၉၀ ကျော် နှစ်များဆီက ငါတို့ လူငယ်ဘဝ။ ကဗျာရေးတယ်၊ ဂျင်းပင်န် ဝတ်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ အသည်းကွဲတယ်။ မင်းရေးတဲ့ ရှင်ကွဲ ကဗျာဟာ ငါတို့ လူငယ်တွေပေါ့ တိုးကြီး။
မင်းက ပြည်၊ တောင်တွင်းကြီး၊ မကွေး၊ စိတ်ပေါက်ရင် လူပါ ရောက်ရောက် ချ လာတတ်တာ။ တစ်ရက်သား သုံးဘီးဆိုင်ကယ်ကြီးငှားပြီး ငါတို့ တောင်တွင်းကြီးကို မင်းနဲ့သားဦး အလည်လာတော့ ငါရယ် နေပန်ဦးရယ် ရာမျိုး ရယ် အိမ့်ဒီဝဏ် ရယ် သူငယ်ချင်း တွေစုပြီး ဆိုင်ကယ်ခ ဆီးပြီးရှင်းရလိုက်တယ်။ ပျော်တာပေါ့ သောက်ကြတာပေါ့။ ပန်ကဖေးမှာ ညဘက်စောစောဆိုင်ပိတ်ပြီး ကဗျာရွတ်ကြ တာပေါ့။
နောက် ငါက မကွေးမှာ Pink Lady အအေးဆိုင်ဖွင့်ဖြစ်တော့လည်း မင်းနဲ့ သားဦး ချောင်းပေါက်မတတ်ပါပဲ။ ရန်ကုန်ရောက်လာပြီး ငါ မဂ္ဂဇင်း ထုတ်ဖြစ် တော့လည်း ငါ့ မဂ္ဂဇင်း၊ ငါ့ ဂျာနယ်မှာ မင်းကဗျာ၊ မင်းရဲ့စာ တခမ်းတနား အမြဲ ပါနေခဲ့တာ မင်းကိုငါချစ်တဲ့ အနုပညာပေါ့။ မင်းက ငါ့အိမ်ဦးခန်း အလေးတက်စွန့် ပေမယ့် မင်းရဲ့ကဗျာက ငါ့ရင်ထဲမှာ နေရာတကျပါပဲ သူငယ်ချင်း။
အခုတော့ ခက်သီ၊ ကြည်ဇော်အေး၊ လူဇော်သစ်၊ ကေမျိုးငြိမ်း၊ သားဦးတို့ ရှိတဲ့ အရပ်ဆီ သွားနှင့်ပြီပေါ့။ အလွမ်းဟာ အိတွဲကျနေတဲ့ ဒါလီရဲ့ နာရီအိုကြီးလို ပါပဲ။ နွေဟာ ပျော့တွဲ အီလေးဆွဲ အရပ်ဆန်နေလေရဲ့။
Page-127
*မလေးရှားနိုင်ငံအနှံ့ သုတ၊ ရသ စာအုပ်များကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသည်။
- စာပို့ဆက်သွယ်ရန် Link
- 4NiX Store Facebook Page